part 11

935 84 7
                                    

"လာပါမောင်ရယ် ဒါကဗေဒင်ခန်းလဲမဟုတ်ပါဘူး ဆရာမနဲ့ဆုံတုန်းဝင်မေးရအောင် မောင့်ကိုအားလုံးနဲ့လဲမိတ်ဆက်ပေးချင်နေတာ"

-နတ်ဆရာမမွေးနေ့လို့ ကိုယ့်ကိုမပြောပဲ မွေးနေ့ဆိုပီးခေါ်လို့လိုက်လာတာ ရောက်တော့မှသိတော့ ဘာမှမတက်နိုင်ဘူး မရယ်မပြုံးချင်ပေမယ့် ပြေပြေပြစ်ပြစ်မျက်နှာထားပုံဖမ်းထားရသည်။

-နတ်ဆရာမယောကျာ်းက အထူးကုဆရာဝန်မို့ ခြံတဖက်တခြမ်းကဆေးခန်းဖွင့်ထားပီး ဧည့်ခံပွဲကခြံထဲတင်မို့ အပြင်ဆေးခန်းကိုရော တိုက်ကြီးကိုပါမြင်နေရသည်။

-ထို့ပြင်နတ်ဆရာမ ဆိုတော့ ရှေးဆန်ဆန်အမျိုးသမီးပုံစံထင်ပေမယ် ဖော်ဖော်ရွေရွေတည်တည်ခန့်ခန့်နဲ့မို့ မြင်ရတာကတမျိုး။

"သမီးကအရမ်းချစ်တဲ့အကြောင်းတွေပြောပြလွန်းလို့ လူမမြင်ဖူးပေမယ့် စိတ်တွက်ကြည့်တာတော့ ရင်းနှီးနေပါပီ.. Jungkookကလူချောလေးပဲ သမီးနဲ့လိုက်တယ်.."

"Jijiကိုယ့်ကိုမိတ်ဆက်ပေးဦးလေ..ဟိုအရင်တခါကရုပ်ရှင်ရုံထဲလာခေါ်တဲ့hyungမဟုတ်လား"

-jungkookရှေ့မှာပြုံးနေတဲ့မျက်နှာနဲ့ရောက်လာတော့ မျက်နှာပူသွားသည်။ဒါပေမယ့် ကိုယ့်ကို စိုက်ကြည့်ပီးပြုံးနေတာမြင်တော့ အဆင်မပြေသလိုခံစားလာရသည်။

-ယောကျာ်းခြင်းနားလည်သူမို့ သူထင်တဲ့အတိုင်း ထိုမျက်ဝန်းတွေထဲမှာမရိုးသားမှုတွေကိုတွေ့ရတာကြောင့် ဘဝင်မကျ။

-မွေးနေ့ပွဲပီးခါနီးမှာ ဟောခန်းတခုထဲလိုနေရာကို ရောက်သွားခဲ့ကြပီး ဆရာမက သူ့မွေးနေ့မှာဟောပေးရတာထူးခြားသည်လို့တောင်ပြောနေသည်။

-Jungkookရင်ထဲမှာထူးခြားနေတာက မြန်မြန်ပြန်ခြင်နေလှပီ ။

"သမီးနဲ့jungkookနဲ့ အိမ်ထောင်ကွဲကိန်းမြင်နေတယ် သမီး..."

"ရှင်.."

-jungkookမျက်နှာ ဟန်မဆောင်နိုင်လောက်အောင်ပျက်သွားသည်။jijiကတော့မျက်လုံးပြူးသွားကာ စိုးရိမ်စိတ်ကလေးနှင့် Jungkookကိုကြည့်သည်။

-ဟောကိန်းကထိတ်လန့်စရာထက် Jungkookဒေါသတွေမဆင်မခြင်ထွက်လာမှာစိုး၏။

💕Think about it💕Where stories live. Discover now