part10

855 98 13
                                    

တရက်လဲမဟုတ် နှစ်ရက်လဲမဟုတ်၊။

အိမ်တွင်းပုန်းရတာကိုjijiစိတ်ပျက်လာကာ မျက်နှာလေးမဲ့လာရင်း..

"မောင် ဦးဦးဆီကဖုန်းလာတယ်.."

"ဘာလဲ..မင်းက ကျမယောကျာ်းကိုအလုပ်လုပ်ဖို့ခေါ်ပါဦးလို့ပြောလိုက်လို့လား.."

"မဟုတ်ပါဘူး မောင်ရယ်..ရော့ ရော့ပြောလိုက်"

-jijiဘာမှမပြောထားပါ ဒါပေမယ့် ဦးဦးဖုန်းဆက်တော့ မောင်အပြင်ထွက်တော့မှာပဲဆိုပီးဝမ်းသာသွားတာတော့အမှန်ပဲ

"ကျွန်တော့နေသိပ်မကောင်း‌လို့ ဦးရေ..ပီးတော့ jijiကလဲ ထွက်တော့တမျိုး မထွက်တော့တမျိုးနဲ့ ဘာလုပ်ရမှန်းမသိတော့ဘူး။အဲ့ဒါကြောင့်ဘယ်မှမသွားဘဲနေလိုက်ဦးမယ်။"

Jimin pov-သေစမ်းpark jiminကိုယ့်ရူးကိုယ်ပတ်တာပဲ🤧

-Jijiကမကျေမနပ်နှင့် jungkookကတော့ ဦးဦးဘာ‌ တွေပြောနေလို့လဲမသိဘူး တဟဲဟဲနဲ့အမြင်ကတ်လောက်အောင်ရယ်နေလေရဲ့

"မောင် ဘာတွေ‌လျှောက်ပြောနေတာလဲဦးဦးကို"

"အမှန်တွေပြောပြလိုက်တာလေ ဦး‌လေးက တထွာပြရင် တစ်လံလောက်မြင်တယ် ..အဲ့တာကြောင့်နောက်ထပ်မခေါ်အောင်ပြောလိုက်တာ"

"မောင်က jiကိုရွဲ့ပြီး အပြင်ထွက်ဘဲကိုယ့်ဘာသာပျင်းနေပီးတော့"

"ရွဲ့တာပဲဖြစ်ဖြစ် ပျင်းတာပဲဖြစ်ဖြစ် မင်းကိုအပြင်မထွက်ခိုင်းဖို့အတွက် မင်းနားမှာ ငါရှိဖို့လိုတယ်"

"Jijiက ဘယ်လောက်တောင်အပြင်ထွက်နေလို့လဲလို့"

"ယောကျာ်းက တုတ်ကိုင်စောင့်ရတဲ့အထိဆိုပါတော့"

"မောင်နော်"

"ဟာ ဟေ့.."

-jijiက Jungkookရင်ဘတ်ကိုလက်သီးစုပ်တွေနဲ့ထုကာ အတင်းဝင်တိုက်၏

-jungkookနံရံပေါ်အင့်ခနဲပစ်ကျသွားပီး

"Jijiမင်း ဘာလို့လက်ပါတာလဲကွ.."

"မောင် ဘာလို့မဟုတ်တာတွေ‌လျှောက်ပြောလဲ"

"ပြောမှာပဲ နောက်လဲ မဟုတ်တာတွေလုပ်ဖို့ရှိသေးတယ်.."

💕Think about it💕Where stories live. Discover now