part8

1.7K 128 3
                                    

[Unicode]

-Jungkookနဲ့jiminတို့ရဲ့အပေးအယူနားလည်မှုတွေက ရာသက်ပန်အတွက်အချက်အလက်မပြည့်စုံလို့လားမသိ အဆင်‌ပြေမှု တွေက သိပ်မ ကြာလိုက်ပေ...

"မဟုတ်ပါဘူး jiji ရာ....ကိုယ်ကအားကစားသမားလေ ..ပြိုင်တယ် နိုင်တယ်ဆိုရင် အားပေးတဲ့လူတွေထဲမှာ ယောက်ျားလေးရော မိန်းကလေးရော ပါမှာပဲလေ...."

"မောင့်ကို အားကစားလုပ်တာ မကြိုက်ဘူးလို့ jijiတို့အားလုံး‌‌ပြောနေကြတာလေ.."

"မောင်ကရော..အကြီးအကျယ်ဘာတွေများ လုပ်ခွင့်ရနေလို့လဲ...မင်းကမိန်းမဖြစ်ပီး ကိုယ့်ဘက်ကမပါပဲ အတို့အထောင်တွေလုပ်နေတော့...."

"မောင်နော်..."

"‌ပြောပြတာပါ တို့တို့ထောင်ထောင် မောင်ကခွင့်လွှတ်ပါတယ်...."

"ခွင့်လွှတ်မှာပေါ့...ဒီဘက်မှာနားပူခံပီး ဟိုဘက်မှာမျက်စိ ပသာဒ ဖစ်နေတာကို..."

"ဟေ့ ဟေ့...မတည့်အောင်မ‌ပြောနဲ့နော်...."

"‌ပြောမှာပဲ...မောင် ဘောလုံးသွားကန်တိုင်းလိုက်မယ်.. trainingဖစ်ဖစ် ကွင်းစပ်မှာထိုင်ရုံပဲဖစ်ဖစ်...အပျော်တမ်းဘာညာ အားလုံးလိုက်မှာပဲ...'

"လိုက်ကြည့်ပါလား...မင်း.."

"လိုက်မှာပဲလေ...လိုက်တော့ မောင် ကဘာလုပ်မှာလဲ..."

"မလိုက်ပါနဲ့လို့ တောင်းပန်မှာပေါ့.."

-jungkookက jiji ကိုကလေးချော့သလိုချော့သည်...

"မင်းလိုက်လာရင် ဘောလုံးပွဲမကြည့်ကြပဲ မင်းကိုပဲဝိုင်းကြည့်နေလိမ့်မယ်...မင်း‌ကြောင့် မောင်သေချာပေါက်ရူံးမှာ မလိုက်ပါနဲ့နော်..."

"မောင် နော်jijiက ပုခက်ထဲကကလေးလေးမဟုတ်ဘူး...မောင့် အ့လို‌ပြောတိုင်း ဘဝင်ခွေ့ ပီး ကျန်ခဲ့မယ်များထင်နေလား....လိုက်မှာပဲ..မလိုက်စေချင်ရင် မောင် မသွားနဲ့..."

"ဒီတစ်ပွဲတော့ ပီးအောင်ကစားမယ်ကွာ...နော်...မင်းဦးလေးဆီမောင်သွားနေတဲ့ ပုံစံတိုင်း မင်းလေးကတိတ်တိတ်လေးနေပေးထား လိုက်လဲမလာနဲ့ မင်းကိုမောင်ဆုချမယ်..."

"ဘာ ဆုလဲ jijiလိုချင်တဲ့ဆုဆိုရင် မောင် jijiနားမှာပဲနေဖို့ပဲ..."

💕Think about it💕Where stories live. Discover now