Part(16) zawgyi
Jiyong အိမ်တွင် yongအဖေနဲ့အမေ လက်ဖက်ရည်ကြမ်းသောက်နေရင်း☕☕
"မိန်းမ ဒီနေ့ ကိုယ့်သူငယ်ချင်းရဲ့သမီးလေး Minzy
ကိုရီးယားကိုခနပြန်လာမယ်တဲ့ ""ဟို--- ပြင်သစ်မှာကျောင်းသွားတက်တဲ့ ကလေးမလေးကိုပြောတာလား jiyongအဖေ"
"ဟုတ်တယ်လေ... မိန်းမရဲ့ သူတို့မိသားစုက ပြင်သစ်ကို အပြီးပြောင်းသွားတော့ ...ဖုန်းနဲ့ပဲအဆက်အသွယ် လုပ်နေရတာ"
"အခုဆို Minzyဆိုတဲ့ ...ကလေးမလေးက အတော်တောင် ကြီးနေလောက်ပြီပေါ့နော် ...ဟုတ်တယ်မလားကိုယ်"
"ကြီးနေလောက်ပြီပေါ့... မင်းသားထက်တော့ ငယ်မှာပေါ့"
"ဒါနဲ့သူက ...ကိုရီးယားကိုပြန်လာမှာဆိုတော့ နေဖို့က--"
"အင်း... ကိုယ်လည်း အဲ့ဒါပဲပြောမလို့ သူတို့မိသားစုက ပြင်သစ်ကိုအပြီးပြောင်းသွားတာမို့လို့
သူ့သမီးလေးဒီကိုလာရင် စောင့်ရှောက်ပေးပါဆိုပြီး ...ကိုယ့်ကိုဖုန်းဆက်ပြီးမှာထားတယ်""ရှင်ဘယ်လိုလုပ်မယ် ...စဉ်းစားထားလဲ"
"ဘာကိုဘယ်လိုလုပ်ရမှာလဲ ...ကိုယ်တို့ဆီမှာပဲခေါ်ထားမှာပေါ့ မိန်းကလေးတစ်ယောက်တည်း hotel
မှာထားလို့... ဖြစ်မလား""ကျွန်မလည်းပြောမလို့ပါပဲ Minzyလေးကို ကျွန်မတို့ ...အိမ်မှာပဲခေါ်ထားမှာပါယောက်ျားရဲ့"
"ဒါနဲ့...မင်းရဲ့သား jiyongရော မတွေ့ပါလား ဒီကောင် အခုတလော ...ဘာတွေလုပ်နေတာလည်း
အိမ်မှာနေတယ်ကို မရှိဘူး""အို...တော်ကလည်း သားလေးဆိုရင်အကောင်းကိုမမြင်ဘူး yongက ကျွန်မသားဆိုတော့ ရှင့်သား
ရောမဟုတ်လို့လား. ကျွန်မတစ်ယောက်တည်း မွေးထားတာလားပြော"
ဆိုပြီး Jiyongအဖေကိုမျက်နှာလွှဲသွားတယ်"အဲ့လိုမဟုတ်ရပါဘူး မိန်းမရယ်....ကိုယ်က--"
"တော်ပြီရှင်...ကျွန်မ ရှင်နဲ့မပြောချင်တော့ဘူး"
"စိတ်မဆိုးပါနဲ့ မိန်းမရယ်.. ကိုယ်တောင်းပန်တယ်နော် ဟုတ်ပြီလား "
မျက်နှာလေးဆွဲလှည့်လိုက်ပြီး
"စိတ်မဆိုးပါနဲ့ကွာ နော်..."

YOU ARE READING
Only You (Completed)
Fanfictionတစ်ကယ်တော့လေ အချစ်ဆိုတဲ့အရာကြီးမှာ ကျား;မ ခွဲခြားဖို့မလိုပါဘူး။ တစ်ဦးနှင့်တစ်ဦးသာ ယုံကြည်စွာချစ်နေဖို့က အဓိကပါ။ ကိုယ်ချစ်တဲ့သူက ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ ယုံကြည်နားလည်မှုနဲ့ရှေ့ ဆက်သွားမယ်ဆိုရင် ထိုသူနှစ်ဦးသားရဲ့ချစ် ခြင်းဟာလည်း ခိုင်မြဲတဲ...