Part-23 Uni
ရုံးခန်းထဲမှာ…အလုပ်ရှုပ်နေပါသော Jiyong…
ခရီးကပြန်လာပြီးကတည်းက အလုပ်ထဲခေါင်းငိုက်စိုက်နေရပါသည်။သုံးလေးရက်လောက်ပစ်ထားခဲ့မိတော့ ပြန်အကြွေးဆပ်နေရတာပေါ့။ဒါတောင်…အမDaraက ကူကြည့်ပေးထားလို့…တော်သေးတယ်ပြောရမည်။နောက်မို့ဆိုရင်တော့အိမ်တောင်မပြန်ရဘဲ… ရုံးခန်းထဲမှာအိပ်ရမယ့်သဘောမှာရှိတယ်။
ပန်းချီပြခန်းဖွင့်ထားတာဆိုတော့… နိုင်ငံခြားကအသိမိတ်ဆွေတစ်ယောက်က ကိုးရီးယားနဲ့အမေရိကန်ပူးပေါင်းပြီး… ပန်းချီပြပွဲလုပ်ချင်တယ်လို့…ကမ်းလှမ်းလာတယ်။
ထိုပန်းချီပြပွဲကနေ ရလာတဲ့ပိုက်ဆံအချို့တစ်ဝက်ကိုလည်း… လိုအပ်တဲ့နေရာတွေဆီမှာ ပြန်လှူတန်းဖို့ စီစဉ်ထားတယ်။ဒါ့ကြောင့်…ထိုကမ်းလှမ်းမှုကိုလက်ခံလိုက်တယ်။
ဒီကြားထဲအလုပ်ရှုပ်ဦးမှာမို့…ကျွန်တော့်ရဲ့မြတ်နိုးရာလေးကို လွမ်းရဦးမယ်ထင်ပါရဲ့။တွေးရင်းနဲ့တောင်လွမ်းလာပြီ ငယ့်ကို။
ဒီအချိန်ဆို ငယ်…အလုပ်မှာရှိနေရောပေါ့။ငယ်ရော…ကိုယ့်ကိုလွမ်းနေပါ့မလား။ဖုန်းဆက်ကြည့်ရင်ကောင်းမလား…မဖြစ်သေးပါဘူး ငယ့်အသံလေးကြားပြီး ပြေးပြေးပြီးသွားတွေ့ချင်စိတ်က…ထိန်းရတာမဟုတ်ဘူး။
Jiyongတစ်ယောက် လွမ်းတဲ့စိတ်ကိုလျှော့ပြီး အလုပ်ထဲပဲနစ်မြုပ်နေလိုက်တော့တယ်။သူအလုပ်ပီးဖို့လိုတယ်။ဟူးး…သက်ပြင်းတွေအကြိမ်ကြိမ်ချရင်း…fighting jiyong ကိုယ့်ကိုကိုယ်ပြန်အားပေးနေလိုက်တယ်။
နာရီများစွာကြာပြီးနောက်…ring📱📱ring …
အလုပ်စားပွဲပေါ်မှာတင်ထားတဲ့ Jiyongရဲ့ဖုန်းမြည်လာတယ်။တစ်ခါ နှစ်ခါ သုံးခါမြောက်မှာတော့…ပြခန်းအတွက်လိုအပ်တာတွေ…စီစဉ်ဖို့လက်ပ်တော့ထဲမှာစိတ်နှစ်ထားတဲ့ yongကတော့ ဖုန်းscreenကိုမကြည့်မိဘဲ… စိတ်ရှုပ်မှုတို့နဲ့အတူ အလိုမကျတဲ့အသံနဲ့ မျက်ခုံးတို့ကိုတွန့်ချိုးထားပြီး…အဆက်မပြက်မြည်နေတဲ့ဖုန်းကို…ကောက်ကိုင်လိုက်တယ်။
"ဟယ်လို…ဘယ်သူပါလဲ?"
တစ်ဖက်ကနေ… အသံလေးထွက်လာတယ်။

YOU ARE READING
Only You (Completed)
Fanfictionတစ်ကယ်တော့လေ အချစ်ဆိုတဲ့အရာကြီးမှာ ကျား;မ ခွဲခြားဖို့မလိုပါဘူး။ တစ်ဦးနှင့်တစ်ဦးသာ ယုံကြည်စွာချစ်နေဖို့က အဓိကပါ။ ကိုယ်ချစ်တဲ့သူက ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ ယုံကြည်နားလည်မှုနဲ့ရှေ့ ဆက်သွားမယ်ဆိုရင် ထိုသူနှစ်ဦးသားရဲ့ချစ် ခြင်းဟာလည်း ခိုင်မြဲတဲ...