part-20 (U&Z)

162 12 2
                                    

Unicode

ဆိုးလ်မြို့ရဲ့ ရာသီဥတုကြီးက သာယာပေမဲ့ ကောင်လေးနှစ်ယောက်ကြားမှာတော့ လေစိမ်းများတိုက်ခိုက်လျှက်။

" ငယ်…"

"……"

"ကိုယ့်ကို စကားပြန်ပြောပါဦးကွာ"

ဒီကိစ္စမှာကျွန်တော်ဘက်ကမှားသွားမှန်းသိပါတယ်။ဒါပေမဲ့…သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင်  ကျွန်တော်ဘက်က မလွန်ဘူးထင်တာပဲ။

ဘာလို့ဆို ကိုယ်ချစ်တဲ့သူတစ်ယောက်အပေါ်
သဝန်တိုပိုင်ခွင့်အပြည့်ရှိတယ်။ဒီကိစ္စမှာကျွန်တော်မှန်တယ်။

ကျွန်တော့်ဘက်က ဘယ်လောက်ပဲမှန်ပါစေဦးတော့ ငယ့်ကိုပြန်ချော့ရမယ့်တာဝန်ကရှိသေးတယ်လေ။သူလေးကိုချစ်မိတော့လည်း…

ကျွန်တော့်ကို ကျောပေးပြီးရပ်နေတဲ့ ငယ့်ကိုယ်လေးကိုကျွန်တော်နဲ့မျက်နှာချင်းဆိုင် ဖြစ်အောင်
ဆွဲလှည့်ကာ…

" ငယ်… ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးအတွက် ကိုကိုဘက်ကနေပဲ တောင်းပန်ပါတယ်ကွာ။ကိုယ့်ကိုစိတ်ဆိုးပြေပါတော့နော် ငယ်…"

ကျွန်တော်ပြောနေပေမဲ့လည်း ငယ်ကတော့ကျွန်တော့်ကို တစ်ချက်မှမော့မကြည့် ခေါင်းကြီးငုံထားဆဲ။

ကျွန်တော့်မျက်နှာကို မမြင်ချင်လောက်အောင် စိတ်ဆိုးသွားခဲ့တာလားငယ်ရယ်…

"ငယ် ကိုယ့်ကိုကြည့်ပါဦး"
ဆိုပြီး Riမျက်နှာလေးကို jiyongကိုင်ပြီး သူနဲ့မျက်လုံးချင်းဆုံစေလိုက်တော့။

"ဟင် ငယ်…ငိုနေတယ်  ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောပါ"

Riလည်း Jiyongရဲ့ရင်ခွင်ထဲကို တိုးဝင်ပြီး ကလေးတစ်ယောက်လို အားရပါးရငိုချပစ်လိုက်တယ်။ပြီးတော့မှ

"ကိုကို"

Riဆီကနေ 'ကိုကို'လို့ခေါ်သံလေးကြားပြီး Jiyong
တစ်ယောက်အပျော်တွေဖုံးမဖိနိုင်အောင်

"အင်း ကိုကိုရှိတယ်ငယ်…"

"ကိုကိုလို့ "

"ဗျာဗျ"

"ကိုကိုရေ…လို့"

"ဗျာ…ငယ်ကိုယ့်ကိုပြောစရာရှိလို့လား ပြောလေ"

Only You (Completed)Where stories live. Discover now