Part-24 (zawgyi)
အားး…နောက်ဆုံးတော့… ဒီအချိန်ကိုရောက်လာခဲ့ပီပေါ့။Jiyong တစ်ပါတ်ဆိုတဲ့…အချိန်ကာလကြီး အမြန်ပြီးဆုံးသွားဖို့ ဆုတောင်းနေခဲ့ရတာ…အခုတော့… သူ့ဆုတောင်းတြွေပည့်ဝသွားခဲ့ပြီ။
တစ်ပါတ်ဆိုတဲ့အချိန်ကာလအတွင်းမှာ…လူလည်း လုံးပါး,ပါးနေရတယ်။အကျိုးတူပူးပေါင်းဆောင်ရွက်ပြီးလုပ်တဲ့… ပန်းချီပြပွဲကလည်းထိုက်သင့်သလောက်…အောင်မြင်တယ်။
ထိုပန်းချီပြပွဲကနေတစ်ဆင့်… နယ်ပယ်ထဲကအသိမိတ်ဆွေ…တော်တော်များများနဲ့လည်း ခင်မင်ခွင့်ရခဲ့သလို… နိုင်ငံခြားကပညာရှင်တွေနဲ့အတူပူးပေါင်းပြီး… နောက်ထပ်ပန်းချီပြပွဲတွေ…
လုပ်ဖို့ကမ်းလှမ်းမှုရခဲ့တယ်။သူ့လုပ်ငန်းအတွက်…အောင်မြင်မှုလို့ဆိုရမှာပေါ့။
ပန်းချီပြပွဲအတွက် ဘယ်လောက်ပဲ…အလုပ်တွေရှုပ်နေပါစေ…Seungriဆီနေ့တိုင်းဖုန်းခေါ်ဖို့အတွက် သူ မမေ့စေရပါ။မျက်နှာလေးမမြင်ရပေမဲ့… အသံလေးတော့သူကြားခွင့်ရတယ်လေ။video callတော့သူ မခေါ်ဖြစ်တော့…ငယ့်မျက်နှာလေးမြင်ပြီး သူ့ဆီသွားတွေ့မိမှာဆိုးလို့… ဖုန်းလေးပဲပြောဖြစ်တယ်။
Jiyong သူ့အကြောင်း သူသိတယ်လေ။ဒါကြောင့်မလို့ အလုပ်တွေအကုန်ပြီးတော့မှပဲ… ငယ့်ကိုသွားတွေ့တော့မယ်လို့…ဆုံးဖြတ်ထားတယ်။
တစ်ဖက်မှာတော့ …Riတို့ရဲ့coffeeဆိုင်လေးကလည်း… coffeeမီနူးအသစ်ကြောင့် လက်မလည်အောင်ရောင်းနေရတယ်။
"Riရေ…ဒီလတော့ငါတို့ရဲ့ဆိုင် အရင်လတွေထက်ရောင်းအား… တက်တယ်လို့ဆိုရမယ်ဟေ့"
Coffeeဖျော်နေရင်း…Daeက စကားဆိုလိုက်တယ်။
"ဟုတ်တယ်နော်…မီနူးအသစ်အောင်မြင်တယ်လို့ပြောရမလား"
လူနဲနဲကျဲသွားတော့ စားပွဲတွေသန့်ရှင်းရေးလုပ်နေတဲ့ Bomက ဝင်ပြောတယ်။ပိုက်ဆံတွေထိုင်ပြီးရေတွက်နေတဲ့Riကတော့…ဂုဏ်ဆာနေတဲ့အမူအရာကြီးနဲ့…
"အောင်မြင်ရမယ်လေ…ဒီလိုဖြစ်လာအောင် ဟောဒီကရုပ်ချောချောနဲ့ချစ်စရာကောင်းတဲ့…ကောင်လေး Lee Seungriကြောင့်ဆိုတာ မသိဘူးလား"
YOU ARE READING
Only You (Completed)
Fiksi Penggemarတစ်ကယ်တော့လေ အချစ်ဆိုတဲ့အရာကြီးမှာ ကျား;မ ခွဲခြားဖို့မလိုပါဘူး။ တစ်ဦးနှင့်တစ်ဦးသာ ယုံကြည်စွာချစ်နေဖို့က အဓိကပါ။ ကိုယ်ချစ်တဲ့သူက ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ ယုံကြည်နားလည်မှုနဲ့ရှေ့ ဆက်သွားမယ်ဆိုရင် ထိုသူနှစ်ဦးသားရဲ့ချစ် ခြင်းဟာလည်း ခိုင်မြဲတဲ...