🍂Ep-10🍂

20.3K 1.5K 271
                                    

Unicode ✅

-My Omega is sugar Baby-

ပါတီထဲမှာ သူတယောက်ထဲ အူလည်လည်နဲ့သာ။ Krist ကလည်းဘယ်ပျောက်သွားမှန်းမသိ။ သူလိုက်ရှာကြည့်ပေမယ့်လည်း အရိပ်ပင်ရှာမရ။ ဒီတော့ သူလည်းဆက်မရှာတော့ပဲ ထောင့်ကျတဲ့ ဝိုင်းတဝိုင်းမှာသာထိုင်နေလိုက်တယ်။ Krist ကလွဲရင် သူ့မှာအသိမှမရှိပဲ...။

"ကလေးတို့ရေ"

စင်ပေါ်ကနေထွက်ပေါ်လာတဲ့ ပါမောက္ခရဲ့အသံကြောင့် ပါတီထဲက သီချင်းသံတွေကော၊ ကျောင်းသူ/သား တွေကော အကုန်လုံးငြိမ်ကျသွားလေတယ်။

"ဒီနေ့က ဆရာတို့ကျောင်းကြီးကို တည်ထောင်ခဲ့တာ နှစ်ပတ်လည်နေ့ဆိုတော့ ဒီကျောင်းကြီးရဲ့ အလှူငွေအများဆုံး ရှယ်ယာရှင်ကို ဆရာတို့ကမိတ်ဆပ်ပေးချင်လို့ပါ"

ပါမောက္ခကြီးကြေညာတော့ အားလုံးက လက်ခုပ်တီးက ကြိုဆိုလေတယ်။ ဒါကအထူးအဆန်းကြီးတော့မဟုတ်။ တစ်နှစ်ကိုတကြိမ် ကျောင်းရဲ့ ရှယ်ယာအများဆုံးသူကို ကြေညာနေကြပဲမဟုတ်လား။

"သူကတော့ Red Rose Company နဲ့ CEO Justinပါ"

"Justin..."

သူသံယောက်လိုက်မိပါရဲ့။ ဒါကိုကိုနာမည်မဟုတ်လား။ နာမည်တူတာများလား။ သူစဥ်းစားခန်းဖွင့်နေတုံးမှာပဲ ဆင်ပေါ်ရောက်နေပြီဖြစ်တဲ့ ကိုကို။ Suit အနက်နဲ့ ကိုကိုကတော့ လူကြီးလူကောင်းဆန်" ကြည့်ကောင်းနေပြန်ပါရဲ့...။

စင်ပေါ်မှာ ကိုကိုနဲ့ပါမောက္ခ ဘာတွေပြောနေလဲသူမသိတော့။ ကြည့်ကောင်းနေတဲ့ ကိုကို့ကိုသာ ငေးကြည့်နေမိတယ်။ ခဏကြာတော့ လက်ခုပ်တီးသံနှင့်အတူ ကိုကိုလည်း ဆင်ပေါ်ကဆင်းသွားလေရဲ့။ ဒီတော့မှသူလည်း အသိပြန်၀င်ကာ လက်ထဲက ဝိုင်ခွက်အား တငုံမော့ချလိုက်ရင်း စဥ်းစားခန်းဖွင့်နေမိသည်...။

ကိုကိုကချမ်းသာတယ်။ ပြီးပြည့်စုံတယ်။ ထက်မြက်တဲ့ မိန်းကလေးနဲ့ သင့်တော်တဲ့သူမျိုး။ သူ့လို ဆင်ရဲသား၊ ဘာမှမရှိ ဘယ်ဖက်ကနေကြည့်" မပြည့်စုံတဲ့သူမျိုးနဲ့တော့ လားလားမျှမသက်ဆိုင်။ သူကြောင့် ကိုကို့ကိုသူများပြောစရာဖြစ်မှာ သူသိပ်ကြောက်ပါသည်...။

 -𝖬𝗒 𝖮𝗆𝖾𝗀𝖺 𝖨𝗌 𝖲𝗎𝗀𝖺𝗋 𝖡𝖺𝖻𝗒- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Kde žijí příběhy. Začni objevovat