🍂Ep-13🍂

13.9K 1.3K 274
                                    

Unicode ✅

-My Omega is sugar baby-

ဧည့်ခန်းထဲအလုပ်လုပ်နေတဲ့ကိုကိုဟာ အခုထိမပြီးသေး။ မိုးပင်ချုပ်နေပြီဖြစ်သော်လည်း ကိုကိုကအခုထိ အလုပ်မပျက်သေးပေ။ သွားလည်းမပြောရဲသလို။ ပြောလိုက်လို့ ကိုကို သူ့ကိုစိတ်ဆိုးမှာလည်းကြောက်ရသေးတာမို့။ ကိုကိုနဲ့တော့ခက်လိုက်တာဗျား။

"ချာတိတ်"

"ဗျား"

"အိပ်တော့လေ ကိုကိုကစာရင်းတွေကျန်သေးတယ်"

"ကိုကိုကလည်း မိုးချုပ်နေပြီကို"

အလိုမကျသလိုလေး ဆူပုတ်ကာပြောလာတဲ့ ချာတိတ်ကြားအောင် သူအော်ပြီးပြောလိုက်ချင်ပါရဲ့။ အတူတူအိပ်ဖို့ အဆင်မပြေလို့ တမင်မအိပ်သေးတာပါလို့။ သူ့အားမအိပ်သေးပဲ စောင့်နေပေးတဲ့ ချာတိတ်ကိုအားနာပေမယ့်လည်း တကုတင်ထဲ အတူတူအိပ်ဖို့ကျတော့လည်း သူ့အတွက်အဆင်သင့်မဖြစ်သေး။ ခက်တယ်။

"သွားအိပ်တော့နော်၊ ကိုကိုပြီးတာနဲ့ လာခဲ့မယ်"

"သေချာလား"

"အင်း"

"ပြီးရောနော်၊ ကိုကိုပြီးတာနဲ့အိပ်ဖို့လုပ်တော့၊ ကျွန်တော်အိပ်နှင့်ပြီ Goodnightပါကိုကို"

ချာတိတ်အခန်းထဲဝင်သွားတော့မှ သူအသက်ရှုချောင်တော့တယ်။ နာရီကိုကြည့်မိတော့ ည၉နာရီပင်ထိုးနေပြီ။ သို့သော်လည်း လုပ်လက်စစာရင်းတွေကလည်း မပြီးသေးတာမို့ အပြီးဖျက်ဖို့သာဆုံးဖြတ်လိုက်တော့သည်။

မိုးအေးအေးနဲ့ ကောင်လေးတယောက်ကတော့ မွေ့ယာထက်အိပ်မောကျနေပြီး ကျန်သည့်ကောင်လေးကတော့ ဧည့်ခန်းထက် စာရင်းတွေလုပ်ကာ အချိန်ကုန်နေတော့သည်။

ကိုကိုတယောက် စာရင်းတွေလုပ်ပြီး နာရီကိုကြည့်လိုက်တော့ ည၁၁နာရီခွဲကျော်လေပြီ။ အနည်းငယ်ငိုက်စပြုလာပြီမို့ Laptop သေချာသိမ်းကာ အိပ်ဖို့ပြင်ရတော့သည်။ ချာတိတ်နဲ့တော့ အတူတူအိပ်ဖို့ မဖြစ်နိုင်တာမို့ ခေါင်းအုံးနဲ့ဆောင်ယူကာ ဧည့်ခန်းထဲကဆိုဖာမှာအိပ်ဖို့ စီစဥ်ရတော့မည်။

ချာတိတ်အိပ်ခန်းထဲ၀င်လာတော့ မို့ယာထက် ဖက်ထုပ်လေးလို ကွေး"လေးအိပ်နေပုံမှာ အသည်းယားစရာအတိ။ သူလည်း ချာတိတ်ဘေးမှာ အသာလေးထိုင်လိုက်ပြီး အိပ်ပျော်နေတဲ့ ချာတိတ်မျက်နှာလေးကို တစိမ့်"ကြည့်မိတော့ သူ့ရင်ထဲအေးချမ်းတဲ့ လေညင်းလေးဖြတ်သန်းသွားသလို ရင်ထဲအေးခနဲ။

 -𝖬𝗒 𝖮𝗆𝖾𝗀𝖺 𝖨𝗌 𝖲𝗎𝗀𝖺𝗋 𝖡𝖺𝖻𝗒- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Kde žijí příběhy. Začni objevovat