🍂Ep-32🍂

10.9K 884 122
                                    

Unicode ✅

-My omega is sugar baby-

"ဝင်ရအောင်"

သူ့ရဲ့လက်ကိုဆွဲကာ အိမ်ထဲဝင်ဖို့ပြောနေတဲ့ ကိုကို့စကားကြောင့် သူတကိုယ်လုံးသွေးမရှိတော့သလို၊ လက်ဖျားတွေကအစအေးစက်လို့နေလေပြီ။ ဖြစ်နိုင်ရင် သူကိုကို့အဖေအားမမြင်ချင်ပါ။ မပတ်သတ်ချင်တာဆို ပိုလို့တောင်မှန်လေမည်။ ကိုယ်မပတ်သတ်ချင်တဲ့ လူရဲ့အိမ်ကိုလာရသည်မှာ သူ့အတွက် အင်မတန် ကသိကအောက်နိုင်လှသည်။

သို့သော်လည်း မပတ်သတ်ချင်လို့ပဲရမယ်။ မတော်ချင်လို့တော့မရ။ ဘာပဲပြောပြော ကိုကို့ရဲ့အဖေဆိုတော့လည်း သူငြင်းပယ်လို့မရပေ။

"စိတ်မပူနဲ့၊ ကိုယ်တယောက်လုံးရှိတယ်"

သူလည်းအသက်အား ခပ်ပြင်းပြင်းရှူထုတ်ကာ ကိုကို့ရဲ့လက်အား တင်းနေဆွဲထားရင်း ကိုကိုနှင့်အတူအိမ်ထဲဝင်လာလိုက်သည်။ အိမ်ထဲရောက်တော့ သူမမြင်ချင်တဲ့ ကိုကို့အဖေရဲ့မျက်နှာကိုမြင်ရသည်မှာ သိပ်ဘ၀မကျချင်။ ဧည့်ခန်းထက် ခြေပေါ်ခြေတင်ထိုင်ကာ သူ့အားခပ်စူးစူးစိုက်ကြည့်နေလေရဲ့။

သိပ်မှတ်မိတာပေါ့။ သူ့အိမ်ကိုလာပြီး အဲ့လိုထိုင်ကာအဲ့လိုအကြည့်မျိုးနဲ့ ကိုကို့အနားကထွက်သွားခိုင်းတဲ့ အချိန်တွေ။

"ချာတိတ်လာ"

သူ့လက်ကိုဆွဲပြီး ခုံမှာထိုင်စေတဲ့ကိုကို။ သူလည်းကိုကို့ဘေးမှာဝင်ထိုင်လိုက်သည်။ သားလေးကတော့ ပါမလာခဲ့။ Emma နဲ့ကျန်ခဲ့လေရဲ့။ အရှေ့ကကိုကို့အဖေသည် သူတို့အားအခုချိန်ထိ အမြင်မကြည်သေးဘူးဆိုတာ မျက်နှာထားကိုကြည့်ယုံနဲ့သိနိုင်ပါသည်။

"ဆိုတော့...လက်ထပ်ကြမယ်ပေါ့"

မျက်မှန်ကိုင်းကိုပင့်တင်ကာ မေးလာတဲ့ အမေးအား ကိုကိုကခေါင်းငြိမ့်ပြရင်း ထောက်ခံလေသည်။

"ကျွန်တော့်အမျိုးသားကိုကော သားလေးကိုကော ပွဲထုတ်ချင်တယ်"

"အဟက်"

ခနဲ့သလိုတချက်ရယ်လိုက်တဲ့ Steven ကြောင့် ချာတိတ်လက်သီးအား တင်း"ဆုပ်ထားလေသည်။

 -𝖬𝗒 𝖮𝗆𝖾𝗀𝖺 𝖨𝗌 𝖲𝗎𝗀𝖺𝗋 𝖡𝖺𝖻𝗒- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Où les histoires vivent. Découvrez maintenant