His (One Short!)

17.8K 626 50
                                    

တစ်ချို့လူတွေက မမွေးခင်ထဲက တစ်စုံတစ်ယောက်ရဲ့အပိုင်ဆိုပြီး ကံကြမ္မာသတ်မှတ်ထားတာမျိုးတွေရှိကြသလား?။
ကျွန်တော့်ရဲ့ကံကြမ္မာသတ်မှတ်ချက်ကတော့ ကျွန်တော်ကသူ့အပိုင်တဲ့...
ဘယ်လိုလုပ်လူတစ်ယောက်က မမွေးခင်ထဲက တခြားလူရဲ့အပိုင်ဖြစ်နေရမှာလည်း?

" မင်းက ငါ့အပိုင်"
ထိုသူ့ပါးစပ်က အဓိပ္ပါယ်ဖော်မရတဲ့အပြုံးနဲ့ အဲ့ဒီ့စကားက သူ့ကိုထွက်မပြေးနိုင်အောင်ဖမ်းဆုပ်ထားနိုင်တယ်။
လှောင်အိမ်ထဲကငှက်လို အတောင်ပံရှိတာတောင် မပျံသန်းနိုင်ပဲ အရူးတစ်ယောက်လိုလှောင်ပိတ်ခံထားရတာ ။

ခပ်ထေ့ထေ့အပြုံးတွေအောက်မှာ သူကိုယ်တိုင်လည်းနစ်မွန်းနေမိတာပါမှာပေါ့လေ...။

" Shit !! "
ခမ်းနားပြီးကြီးမားတဲ့စံအိမ်ကြီးထဲမှာ တောက်ခေါက်နဲ့ ဆဲဆိုလိုက်သံက ညနက်ပိုင်းတိတ်ဆိတ်နေချိန် ပီသစွာပေါ်လာသည်။

ဝရံတာမှာ လေညှင်းခံထွက်နေရင်း ထိုသူက လက်ထဲကစီးကရက်ကို တစ်ရှိုက် ရှိုက်လိုက်ပြီး ပြန်တည်ငြိမ်သွားပင်မယ့် မျက်ခုံးတို့ကတော့်တွန်းချိုးဆဲ။
နှုတ်ခမ်းပါးနုနုပေါ်ကခပ်ထေ့ထေ့အပြုံးကတော့မူပိုင်ချိတ်ဆွဲလျက်။

ဝရံတာမှာ ကျောပေးရပ်နေပင်မယ့် သူ့အနောက်ဘက်က ခြေလျှောက်သံဖွဖွလေးကြားတဲ့အချိန်မှာ Min Yoongi နောက်လှည့်ကြည့်လိုက်ပြီး လက်တစ်ဖတ်ကို အလိုလိုဟထားလိုက်သည်။

ဖွဖွလေးလျှောက်နေတဲ့ ခြေသံပိုင်ရှင်လေးကလည်း ထိုဟနေတဲ့လက်ကြားထဲပြေးဝင်လာလေသည်။
ငြင်သာတဲ့ကိုယ်လေးဟာ လေတစ်ချက်အဝှေ့မှာ ပိုပိုပြီးနူးညံ့လာသလို။ အင်္ကျီပွပွလေးတစ်ထည်ထားဝတ်ထားတာကြောင့် ပန်းရောင်ပြေးနေတဲ့ခြေချောင်းနုနုလေးတွေနဲ့ ခြေတံဖွေးဖွေးလေး ။ နူးညံ့လွန်းတဲ့ကိုယ်ကောက်ကြောင်းလေးကလည်း လရောင်အောက်မှာ ဆွဲဆောင်မှုရှိလို့နေသည်။
မက်မွန်ရောင်သန်းနေတဲ့ ပါးဖောင်းဖောင်းလေးကို နှာခေါင်းနစ်သွားအောင် ငုံ့နမ်းလိုက်ပြီး ဆေးလိပ်တစ်ရှိုက်မှုတ်လိုက်သည်။

" Hyung "
နှုတ်ခမ်းဖူးဖူးလေးဟာ စိတ်အလိုမကျမှုကြောင့်ဆူနေပြီး မျက်ခုံးလေးကလည်းကျုံ့လို့

Can I F**k U Bae?||Short StoriesTempat cerita menjadi hidup. Temukan sekarang