Singularity -(1)

33.7K 1.2K 33
                                    

Seonam Seoul Hospital, 9:30PM

Taehyung ဒီနေ့Duty ကျတာကြောင့် Coffeeခွက်လေးကိုင်ရင်းရုံးခန်အပြင်ဘက်၌ အပြင်းပြေလမ်းလျှောက်နေသည်။ဆေးရုံအဆောင်တစ်ခုလုံးကလည်း
တာဝန်ကျဆရာတချို့နှင့်လူနာတွေပဲရှိတာကြောင့်
တိတ်ဆိတ်လျှက်။

ရှုပ်-ရှုပ်-ရှုပ်

ရုတ်တရက်ခြေသံဖွဖွတွေအများကြီးကိုကြားလိုက်ရသည် နည်းနည်းတော့ကြက်သည်းထမိပေမယ့် ဆေးရုံမှာအလုပ်လုပ်တာ3နှစ်ကျော်ပြီမို့ အရမ်းကြီးတော့မကြောက်မိပေ။
လူကလည်း အစတည်းက စူးစမ်းတတ်သူမို့ ခြေသံတွေရှိရလှမ်းမိသည်။သူခြေတလှမ်းလှမ်းလေ
ထိုခြေသံတွေကလည်းပိုနီးလာလေဖြစ်သည်။

"အု.."

ခြေသံကြားရာကိုအာရုံစိုက်နေတုန်း အနောက်ဖက်ကလက်တစ်စုံက ခါးကိုလာထိလိုက်တာကြောင့် အလန့်တကြားအော်မလိုဖြစ်နေတုန်း သူ့ပါးစပ်ကို အအုပ်ခံလိုက်ရတယ်။။ ထိုကြားနေရသောခြေသံတို့ကလည်း ချက်ချင်းရပ်တန့်သွားသည်။

"တိုးတိုးနေ..အသံမထွက်နဲ့"

သူ့အားအခန်းတစ်ခုထဲဆွဲလိုက်ရင်း အနောက်ကလူကနားထဲတိုးတိုးလေးပြောလာသည်။အလန့်တကြားခေါင်းကိုတစက်စက်ငြိမ့်လိုက်ရင်း အနောက်လှည့်လိုက်တော့ ထိုသူ့ရင်ခွင်ထဲမှာ။

အခန်းကကျဉ်းပြီးမှောင်မိုက်နေတာကြောင့် ထိုသူ့မျက်နှာကိုမမြင်ရပေမယ့် တိတ်ဆိတ်နေတာကြောင့် သူ့ရဲ့မြန်နေတဲ့အသက်ရှုသံနဲ့ နှလုံးခုန်သံတိုးတိုးလေးကြားနေရသည်။ခြေသံရှုပ်ရှုပ်တွေ သူတို့ရှိနေတဲ့အခန်းကိုကြောပြီး ဝေးကွာသွားတော့မှ ထိုသူကလေတစ်ချက်မှုတ်လိုက်ရင်း သူ့ရင်ခွင်ထဲက တိတ်ဆိတ်နေတဲ့ Taehyungကိုကြည့်လိုက်သည်။

"ရပြီ..ဘာမှမဖြစ်တော့ဘူး"

"ခင်ဗျားကဘယ်သူလဲ"

မျက်နှာမမြင်ရပင်မယ့် ကိုယ်လုံးကိုယ်ပေါက်နှင့်အသံကိုတော့
Taehyung သေသေချာချာမှတ်နေမိသည်။

"ကိုယ့်နံမည်က..Jeon..ကိုယ်သွားတော့မယ်"

"..."

ပြောရင်းအခန်းပြင်ပြေးထွက်သွားတာကြောင့် စကားကို ဝိုးတိုးဝါးတားကြားလိုက်ပင်မယ့် Jeonဆိုတာလေးကိုတော့သေချာကြားလိုက်ရပါသည်။

Can I F**k U Bae?||Short StoriesHikayelerin yaşadığı yer. Şimdi keşfedin