ကျွန်တော့်ရဲ့ ပန်းငယ်

4 1 0
                                    

အစ်ကို့အတွက် ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာဆိုတာ
ကိုယ်အရိပ်တကြည့်ကြည့်နဲ့စိုက်ပျိူးခဲ့တဲ့ပန်းလေးတွေ
နေရောင်ခြည်ကောင်းကောင်းရရဲ့လား
လေဒဏ်မိုးဒဏ်ခံနိုင်ရည်ရှိလား
ညိုးငယ်နေမလား
ရေလောင်းပေါင်းသင်ပေးသင့်သလား
ဘာတွေများလိုအပ်နေမလဲ
ဥယျာဥ်မှူးတစ်ယောက်ရဲ့ခေါင်းထဲအမြဲရှိတဲ့အတွေးတွေပေါ့
တပါးသူခူးဆွတ်သွားမှာစိုး
မြေမှာချနင်းသွားမှာစိုး
အမြဲလည်းစိုးရိမ်နေရတဲ့ဘဝမှာဥယျာဥ်မှူးတွေနေထိုင်တယ်
အညွှန့်တလူလူနဲ့တက်လာပြန်တော့ အခတ်အလက်အသီးအပွင့် စုံစုံညီညီနဲ့ဝေဆာပြန်တော့ ပီတိကိုစားပြီးအားရှိရပြန်တယ်
ကောင်းမွန်တဲ့အရာတွေကိုပဲရစေချင်တဲ့စေတနာ
သူအောင်မြင်တဲ့အခါ ကိုယ့်မှာမုဒိတာ
သူနာကျင်ရတဲ့အခါ ကိုယ့်မှာတော့ကရုဏာ
အမြဲတမ်းသူ့ကိုနွေးထွေးစေချင်နေတဲ့ ကိုယ့်ရဲ့မေတ္တာ
အေးချမ်းတဲ့အရိပ်အမြုံလေးအတွင်းမှာပဲရှိစေချင်တဲ့ သစ္စာ
ဥယျာဥ်မှူးတစ်ယောက် ဋီကာတစ်ခုပါပဲ

သစ်ပင် အမှတ်နှစ်ဆယ့်ခုနစ် Where stories live. Discover now