မိုးမခပင်သို့တမ်းတခြင်း

14 2 2
                                    

2004 ဒီဇင်ဘာညမှာကြယ်တွေကြွေတာကြည့်ရင်း ဆုတောင်းဖူးတယ်

မိုးမခပင်တွေတည်နေတဲ့ နေရာလေး​မှာအိမ်လေးတစ်လုံးလောက်ကိုယ်တိုင်ဆောက်မယ်

ဆောင်းဦးကုန်ရင် တဖြည်းဖြည်းကြီးပြင်းလာမယ့် မိုးမခပင်တွေကိုအရိပ်တကြည့်ကြည့်နဲ့ ကြည့်နေမယ်

အရမ်းကိုပျော်ရွှင်နေမှာသေချာတာပေါ့

ကိုယ်ချစ်တဲ့မိုးမခပင်တွေရယ်
ပြီးတော့ဆောင်းအလွန်နွေဦးရဲ့လေပြေညင်းတွေရယ်.......

ဘယ်လိုအရာမျိူးနဲ့မှ ချည်နှောင်မခံချင်တဲ့ ကိုယ်က သစ်ရွက်ခြောက်လေးတွေကိုတော့တယုတယထွေးပွေ့ပေးချင်ပါတယ်တဲ့လေ

အဆုံးသတ်ကိုကြိုသိ​နေတဲ့ဇာတ်သိမ်းတစ်ခုကိုနာကျင်နေရရင်တောင်ဖက်တွယ်ထားချင်နေတာ အတ္တတွေကြီးပြနေရတာ တခါတလေတော့ရယ်စရာကောင်းသား

မိုးစက်တွေကတစ်ဆင့်ကိုယ့်ကိုလှောင်ရယ်နေသံကိုယ်ကြားရတာပေါ့ ဒါပေမယ့် နောက်ဆုံးဝင်သက်ထွက်သက် မှာတောင် မိုးမခပင်ခြေရင်းမှာပဲ ကုန်လွန်သွားချင်ခဲ့တာ.......

4:44
28/Tues

သစ်ပင် အမှတ်နှစ်ဆယ့်ခုနစ် Where stories live. Discover now