Part 26

2.6K 623 44
                                    

Unicode

ဤနှစ်သည် သူ့အတွက် အလွန်အမင်းကံဆိုးသောနှစ်ဖြစ်သည်ဟု ကျုံးဝမ်ခံစားနေရသည်။

အခက်အခဲများကြားမှ မင်းကြီးကိုတွေ့ခွင့်ရပြီးနောက် ရွှမ်ရွေ့အတွက် မြို့တော်မှထွက်ခွာခွင့်ပင် မတောင်းရသေး။ လူတစ်ယောက်က အပြင်မှနေ၍ ကြားဖြတ်နှောင့်ယှက်လာသည်။ ပဉ္စမမင်းသားရွှမ်ချုံ ရေကန်ထဲပြုတ်ကျသွားသည်ဟူ၍။

ကျုံးဝမ်ရင်တုန်သွားသည်။ ချက်ချင်းပင် ယခုပြောနေကြသော ကောလာဟလများကို သတိရသွားသည်။ 'တော်ဝင်မင်းသားများသည် ရေနှင့်ပတ်သတ်၍ ကံဆိုးမိုးမှောင်ကျလိမ့်မည်'။

ချုံအန်းမင်းကြီး၏မျက်နှာသည် ရုတ်ခြည်းပြောင်းလဲသွားသည်။ ကျုံးဝမ်ရှိနေသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ အော်ဟစ်လိုက်သည်။ "ရွှမ်ချုံရဲ့ဘေးက လူတွေရော။ သူတို့က ဒီတိုင်းကြည့်နေကြတာလား။ ရွှမ်ချုံရောအခုဘယ်လိုနေလဲ"

သတင်းလာပေးသော အစောင့်သည် ထိုသို့သောတာဝန်ကို မလစ်ဟင်းနိုင်ပေ။ သူက ဒူးထောက်အရိုအသေပေးကာ ပြောသည်။ "ရေကန်နားမှာရှိနေတဲ့ ပဉ္စမမင်းသားရဲ့ အစေခံနဲ့အစောင့်တွေကို ဖမ်းဆီးပြီးပါပြီ။ ဘယ်လိုဖြစ်သွားတယ်ဆိုတာကိုတော့ သေချာစစ်ဆေးရပါဦးမယ်။ အခု ပဉ္စမမင်းသားကို သောင်းထွေဆောင်းဦးနန်းဆောင်ကို ခေါ်သွားပါပြီ။ ကိုယ်လုပ်တော်ယွီနဲ့ တော်ဝင်သမားတော်တွေလည်း ရောက်နေပါပြီ"

ချုံအန်းမင်းကြီးသည် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ ရွှမ်ချုံအား အခြေအနေစောင့်ကြည့်ရန် လူတချို့ကိုမှာကြားပြီး ကျန်လူများကိုမူ ရွှမ်ချုံ၏အစေခံအား ခေါ်လာရန် စေခိုင်းလိုက်သည်။

ကျုံးဝမ်သည် တကယ်တမ်းတွင် ထွက်သွားသင့်နေပြီဖြစ်သော်လည်း စိတ်ရှုပ်စရာသတ္တဝါဖြစ်သည့် ရွှမ်ချုံသေသည်၊ရှင်သည်ကိုလည်း သိချင်ပြန်သေးသည်။ တုန့်ဆိုင်းနေပြီးနောက် တိတ်တဆိတ်ထကာ ဘေးမှာရပ်လျက် ထိုနေရာ၌ သူမရှိသည့်ပုံဖမ်းနေသည်။

မကြာမီမှာပင် ရွှမ်ချုံ၏အစေခံကို ဆွဲခေါ်လာကြသည်။ အစေခံ၏ခါးအောက်ပိုင်းမှာ ရေများဖြင့်ရွှဲရွှဲစိုနေပြီး အဝတ်လဲရန်လည်း အချိန်မရှိသေးပေ။ ယခုအချိန်တွင် အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်နေလေပြီ။ သို့ဖြစ်၍ စကားပြောလျှင် တုန်တုန်ရီရီဖြစ်နေသည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now