Part 101

2.5K 445 22
                                    

Unicode

မင်းသမီးကြီးအန်းကော၏မျက်နှာသည် စိမ်းပုပ်သွားခဲ့ပြီးနောက် ဖြူလျော်သွားပြန်သည်။ သူ ယခုထက်ပို၍ မရှက်နိုင်တော့ပေ။

ရွေးစရာမရှိခဲ့သော ကျုံးဝမ်မှာ ခိုးနားမထောင်လိုခဲ့ပေ။

ယွီရှီသည် နန်းတော်ထဲတွင် တစ်နေ့လုံးတစ်ညလုံး ရှိနေခဲ့သည်။ ပေတိကိစ္စများကို စီစဉ်ပြီးနောက်တွင် ကျုံးဝမ်သည် သတင်းကိုစောင့်နေရန် အိမ်တော်သို့ပြန်သွားခဲ့သည်။ ချုံအန်းမင်းကြီး အခြေအနေမကောင်းကြောင်း ကြားလိုက်ရသောအခါ သူ ငြိမ်ငြိမ်လေး ဆက်မနေနိုင်တော့ဘဲ ယွီရှီကို သွားကြို၍ရနိုင်မလားဟု ကံစမ်းရန် အပြင်ထွက်လာခဲ့တော့သည်။ ထို့နောက်တွင် သူ ကံကောင်းသည်ဟု ဆိုနိုင်ခဲ့သည်၊ လေးနာရီစောင့်ပြီးနောက်တွင် ယွီရှီနန်းတော်မှ ထွက်လာခဲ့သည်။

ယွီရှီ အပြင်သို့ ခြေချလိုက်သည်နှင့် ကျုံးဝမ်သည် မြင်းလှည်းပေါ်မှ ဆင်းချင်ခဲ့သည်။ သို့သော် မင်းသမီးကြီးအန်းကော အနီးသို့လာနေပြီး ရေးကြီးသုတ်ပြာ ဖြစ်နေသည်ကို သူ မြင်လိုက်ရသည်။ ထို့ကြောင့် ကျုံးဝမ်သည် ရှုပ်ထွေးမှုနည်းလေ ကောင်းလေဖြစ်သည်ဟု တွေးလျက် ပုန်းနေလိုက်တော့သည်။ ကျုံးဝမ် တစ်ခုခုဝင်ပြောရန်အတွက် ပို၍ပင် အဆင်မပြေ ဖြစ်လာတော့သည်။

သို့သော် ယွီရှီ မတိုင်မီက ပြောခဲ့သောစကားများသည် သူ့နှလုံးသားကို ထိုးစိုက်သွားခဲ့ပြီး ကျုံးဝမ်မှာ မြင်းလှည်းထဲမှနေ၍ ခပ်တိုးတိုး စကားပြန်လိုက်မိတော့သည်။

သူအလွန်တိုးလျစွာ ပြောခဲ့သည်ဟု ကျုံးဝမ်ထင်မိသော်လည်း သူတို့ ကြားသွားခဲ့သည်။

ထို့နောက်တွင်...

အနည်းငယ် ဂရုမစိုက်မိသည့်နောက်တွင် သူ သူ့ကိုယ်သူ အရှက်ရစေမိခဲ့သည်။

ယွီရှီသည် ကျုံးဝမ် သူ့စကားများ ကြားသွားပုံကိုတွေးလျက် မင်းသမီးကြီးအန်းကောထက်ပင် ပို၍နေရခက်နေတော့သည်။

အမိန့်တော်ပြန်တမ်းမှ ပြာမှုန်များကြောင့် ချောင်းဆိုးလေဟန် သူ ပုံဖမ်းလိုက်သည်။ သူ့မျက်နှာကို သုတ်ပစ်လိုက်သည်။ စိတ်မရှည်ဘဲ အလျင်စလို သူပြောလိုက်သည်။ "အိမ်တော်ကိုပြန်ကြစို့"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now