531 113 51
                                    


T\N-တစ်​ခုခုစား​နေရင်း ဒီအပိုင်းကို လုံးဝမဖတ်​ပါနဲ့​နော်​...ငါ့ကိုယုံ....အဓိကဇာတ်​လိုက်​နှစ်​​ယောက်
ကြားမှာ မထင်​ထားတာ​တွေ ပါ​နေမှာ...ဘာပဲဖြစ်​ဖြစ်
ဖတ်​ပြီးရင်​​တော့ မင်းတို့သိသွားမှာပါxD

Me-ဘာ့ဟ်​​သွေလဲဟင်​???

[Zawgyi]

ဖုန်းယဲ့က တမင်​သက်​သက်​ကို အမှားရှာဖို့ ဒီကိုလာတာကို ယွမ်​စီခုံးသိ​ပေမဲ့ သူတတ်​နိုင်​တာ ဘာမှမရှိ။
ဖုန်းယဲ့က မြင်း​ပေါ်က​နေဆင်းရန်​ ​ဘေးတစ်​ဖက်​ကို
စောင်းလိုက်​တာကို သူမြင်​​တော့ အမြန်​တွားသွား
လိုက်​ကာ မြင်း​အောက်​မှာ ဒူး​ထောက်​​နေလိုက်​သည်​။

ဖုန်းယဲ့က ယွမ်​စီခုံးရဲ့​ကျောပြင်​ကို ​ခြေနင်းခုံအဖြစ်
မှတ်​ယူလိုက်​ကာ သူ့​ပေါ်သို့ အရှိန်​ပြင်းပြင်းနှင့်
ခုန်​ချလိုက်​သည်​။

ယွမ်​စီခုံး အသံထွက်​သည်​အထိ ​အော်​လိုက်​မိကာ
သူ့ခန္ဓာကိုယ်​က ​မြေပြင်​ထဲ ကျွံသွား​တော့မ​လိုပင်​။
လဲမကျသွား​အောင်​ ​သေ​ချာကိုင်​ရင်း သူ့ဟာသူ
ထိန်းလိုက်​၏။

ဖုန်းယဲ့က ​မြေပြင်​​ပေါ် ခုန်​ချလိုက်​ကာ အထက်​စီး
လေသံဖြင့်

"သူ့ကိုကု​တော့"

ယွမ်​စီခုံး မတ်​တပ်​ရပ်​လိုက်​ကာ မြင်းကို စစ်​​ဆေး၏။
ချင်​-အ​နောက်​​မြောက်​ ​သွေး​နှောမြင်းဟာ အလွန်​ကို
မြင့်​မားလှသည်​။ မြင်းရဲ့ပါးစပ်​နဲ့ နှာ​ခေါင်းကိုကြည့်​ဖို့
သူ​ခြေဖျား​ထောက်​လိုက်​ရသည်​။ သူ့နှာ​ခေါင်းက
စိုစွတ်​​နေကာ ပါးစပ်​က ​ခြောက်​​သွေ့​နေတာကို ကြည့်
ခြင်းအားဖြင့်​ သူဟာ ပြင်းထန်​တဲ့အ​ခြေအ​နေမှာ
မဟုတ်​မှန်း ​ပေါ်လွင်​​နေသည်​။ ဒါ​ပေမဲ့ ကြည့်​ရတာ
သူ့စိတ်​က ပင်​ပန်းနွမ်းနယ်​​နေတာမဟုတ်​ရင်​ ဖုန်းယဲ့
လိမ်​​ပြော​နေတာကလွဲလို့ ကျန်​တာမဖြစ်​နိုင်​။

သူ မြင်းကို တစ်​ပတ်​​မျှ လှည့်​ပတ်​ကြည့်​လိုက်​ပြီး
နောက်​ဆုံးမှာ အ​ဖြေကိုရှာ​ဖွေရန်​ မြင်းရဲ့ဝမ်းဗိုက်​​ပေါ်သို့ သူ့လက်​ကို ဖိချလိုက်​သည်​။ မြင်းရဲ့ဝမ်းဗိုက်​က
ဖောင်းပွကာ မာ​ကြော​နေ၏။ မစွန့်​ထုတ်​ရ​သေးတဲ့
အညစ်​အ​ကြေး​တွေက များသထက်​များလာတာမို့
အဲ့တာ​ကြောင့်​ပဲ အစားပျက်​​နေခြင်း ဖြစ်​​ပေသည်​။
သူ ဒီအ​ကြောင်း​တွေကို ဖုန်းယဲ့အား ရှင်းပြလိုက်​၏။

The Blood Crown(逐王)[Myanmar Translation]Where stories live. Discover now