၂၆

394 54 9
                                    

(Unicode)

"ဒုတိယသခင်လေး...ဒုတိယသခင်လေး"

မူလစိတ်အစဥ်ကိုပြန်ရောက်နိုင်ဖို့ရာ အချိန်ဘယ်လောက်ကြာလိုက်မှန်း ယွမ်စီခုံးမသိလိုက်ပေ။ သူ့အမြင်အာရုံဟာ ရှုပ်ထွေးဝေဝါးနေရာမှ တစ်စထက်တစ်စ ရှင်းလင်းပြတ်သားလာပြီး၊ မျက်စိရှေ့တွင် မြင်နေရသည်မှာ နီရဲနေသော မျက်ဝန်းအစုံသာဖြစ်၏။

ဒီမျက်ဝန်းတွေကို သူအတော်လေး ရင်းနှီးနေပါ၏။

"ဒုတိယသခင်လေး။ အခုက ငိုနေရမဲ့အချိန်မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ထပါတော့"

ဒါက လျန်ဟွေးရုံများလား? ထိုသူက အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး၊ အတော်လေးကို သိသာစွာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေကာ၊ သူ့ကို စိုးရိမ်တကြီးနှင့်ကြည့်နေလေသည်။

"အဖေ....."

ယွမ်စီခုံး မှင်သက်မိနေရင်းမှ တိုးဖွဖွ ရေရွတ်လိုက်သည်။

"ဒုတိယသခင်လေး...သခင်ချန့်ဟူက လွတ်မြောက်သွားခဲ့ပါပြီ။ ဒါပေမဲ့ သခင်လေးကတော့ သခင်ကြီးနောက် လိုက်သွားလို့မရသေးဘူးလေ။ ဒီလူယုတ်မာတွေဆီကနေ သခင်လေးအဖမ်းခံလို့မဖြစ်သေးပါဘူး။ အမြန်နိုးထပါတော့!"

ယွမ်စီခုံး မယုံကြည်နိုင်သေးဟန်ဖြင့် မျှော်လင့်တကြီး မေးလိုက်မိသည်။

"ကျွန်တော့်အဖေက...တကယ်မရှိတော့ဘူးလားဟင်...."

သူ့အရှေ့မှာရပ်နေတဲ့ဒီလူက သူမျှော်လင့်ထားတဲ့အဖြေကို ပေးနိုင်မည်ဟု သူမျှော်လင့်မိပါ၏။

လျန်ဟွေးရုံက မျက်ရည်များနှင့်ပြောလာလေသည်။

"သခင်ချန့်ဟူက သခင်လေးကို ကောင်းကောင်းအသက်ရှင်သွားစေချင်ခဲ့တာပါ။ သခင်ကြီးအတွက် သခင်လေးသွေးကြွေးဆပ်ပြီး လက်စားချေပေးရဦးမယ်လေ!"

လက်စားချေတာ...ဟုတ်တယ်...လက်စားချေတာ!

ကြောက်မက်ဖွယ်ကောင်းသည့် အလင်းတန်းတစ်ခုက ယွမ်စီခုံး၏မျက်ဝန်းများထဲတွင် ယှက်ပြေးသွားသည်။ သူ လျန်ဟွေးရုံ၏အင်္ကျီကော်လာစကို ဆုပ်ကိုင်လိုက်ပြီး

The Blood Crown(逐王)[Myanmar Translation]Where stories live. Discover now