၂၀

394 65 6
                                    

[Zawgyi]

အခန်းထဲမှာရှိ​သော အရပ်​ဘက်​အရာရှိများနှင့်
ဗိုလ်​ချူ ပ်​များက ထိုလူငယ်​​လေးကို အံ့ဩတကြီးနှင့်
ကြည့်​​နေကြသည်​။ သူ၏ အံ့အားသင့်​ဖွယ်​ရာ​ကောင်း​အောင်​ ​ဖြောင့်​မတ်​​နေ​သော ရင်​အုပ်​က သူ့ရဲ့ပိန်​ပိန်​ပါးပါးခန္ဓာကိုယ်​ကို တည်​ငြိမ်​ခံ့ညား​နေ​စေသည်​။
အ​ကြောက်​တရားကင်းမဲ့​သော စိတ်​ဓာတ်​က
အသက်​အရွယ်​အပိုင်းအခြားကိုပင်​ ​ကျော်​လွန်​ကာ
လူ​တွေကိုပင်​ အံ့အားသင့်​​စေသည်​။

ဟန်​​ကျောက်​ရှင်း၏မျက်​နှာဟာ အရှက်​ရမှု​ကြောင့်
ဒေါသအရှိန်​နှင့်​ နီရဲ​နေ​လေသည်​။

"ယွမ်​​မောက်​! ဒါက စစ်​ဗျူ ဟာ​တွေဆွဲဖို့သုံးတဲ့
အ​ရေးကြီး​နေရာ​နော်​။ မင်းရဲ့သား လှည့်​ပတ်​​ပြေးလွှား​နေဖို့​နေရာလား?"

ယွမ်​စီခုံးက ဒူးတစ်​ဖက်​​ထောက်​လိုက်​ပြီး​နောက်
ကျယ်​​လောင်​စွာ ​ပြောလာသည်​။

"အုပ်​ချူ ပ်​သူ​ပြောပုံအရဆို ကျွန်​​တော်​က အသက်​၁၃နှစ်​ရှိ​နေပါပြီ။ ကျွန်​​တော်​ကလည်း ​လျောင်းတုံရဲ့
ယောက်ျား​ထောင်​​ပေါင်းများစွာထဲက တစ်​​ယောက်​မို့
နိုင်​ငံ့တာဝန်​ထမ်း​ဆောင်​ဖို့ ဆန္ဒရှိပြီး ကျင်း​တွေကို
အတူတကွ တိုက်​ထုတ်​ချင်​ပါတယ်​။ ကျွန်​​တော်​​သေသွားရင်​​တောင်​မှပဲ ​နောင်​တရ​နေမှာမဟုတ်​ပါဘူး!"

"​ကောင်းတယ်​!"

လီ​ပေါ်ယွင်​က စားပွဲကိုရိုက်​လိုက်​ကာ စိတ်​လှုပ်​ရှားစွာ
ပြောလာသည်​။

"မင်းနာမည်​ ဘယ်​လို​ခေါ်လဲ?"

"ကျွန်​​တော့နာမည်​ ယွမ်​စီခုံးပါ"

"မင်း​ပြောတာ​ကောင်းတယ်​။ *ငိုက်​စိုက်​ကျ​နေတဲ့
ဘုရား​ကျောင်းနဲ့က​လေး​တွေ*မှာ ကွမ်းနင်းနဲ့
သေအတူရှင်​မကွာ တိုက်​ခိုက်​ဖို့ သတ္တိ​တွေရှိ​နေကြ
တုန်းပဲ။ ဓားတစ်​လက်​ကို​ဆောင်​ရမှာ...သံချပ်​ကာ
ဝတ်​ရမှာ...နန်းတွင်းရဲ့ *မိုး​ရေစက်​နဲ့နှင်းစက်​*
တွေကိုသ​ဘောကျရမှာကို မင်းရှက်​တယ်​လို့မခံစား
ရဘူးလား!?"

The Blood Crown(逐王)[Myanmar Translation]Where stories live. Discover now