Unicode
'အားးးးးးးး!!!!!!´
Tyler -" မကောင်းတဲ့လူကြီး လူယုတ်မာကြီး။ဒါ သူများကို သပ်သပ်အနိုင်ကျင့်တာ။အားးးးးး"
Michael -"Tyler!!! ဘယ်လိုဖြစ်နေတာလဲ!အော်ဟစ်နေတာဘဲ။နည်းနည်းပါးပါးပတ်ဝန်းကျင်လည်း အားနာပါအုန်း။"
Tyler ရဲ့ အော်သံကြောင့် Apron ကြီးဝတ် ယောင်းမကြီးကိုင်ပြီး မီးဖိုချောင်ထဲကထွက်လာတဲ့မကောင်းတဲ့လူကြီး။
Tyler -" ဒီမှာ မကောင်းတဲ့လူကြီး Tyler က ဘာဖြစ်နေလို့လဲ ။ကိုယ့်ပါးစပ်နဲ့ကိုယ်အော်တာကို။"
Michael -"Tyler !!လူကြီးကို ရိုရိုသေသေဆက်ဆံစမ်း။မင်းကိုကိုယ်သင်ပေးထားတာတွေကဘယ်နားရောက်သွားလဲ။"
Tyler -"ဘယ်သူကရော သင်ပေးပါလို့ပြောနေလို့လဲ!!!"
'ဒုန်းးး ဒုန်းးး ဒုန်းးး´
'ဒုန်းးးးး´
အပေါ်ထပ်ကို စောင့်ကြီးအောင့်ကြီးနဲ့တတ်သွားပြီး အခန်းတံခါးကိုပါစောင့်ပိတ်ပစ်လိုက်တယ်။
အနောက်မှာကျန်ခဲ့တဲ့ဟိုလူကြီး အော်ဟစ်သံတွေကိုလျစ်လျူရှုရင်းပေါ့။
ဒါကတော့ နေ့တိုင်းလိုလို အဲ့လူကြီးနဲ့ ကျွန်တော်ဖြစ်နေကြအရာပါဘဲ။
အရင်ကတော့အဲ့လောက်မဟုတ်ပေမယ့်
Covid ကာလ Stay Home အပြင် စစ်အာဏာသိမ်းမှုပါဖြစ်ပေါ်လာတဲ့နောက်ပိုင်း အမြဲတမ်းနီးပါးဘဲ။အလုပ်တွေလည်းနား ဆိုင်တွေလည်း ပိတ်ထားကြတဲ့အခါ အဲ့ဒီလူကြီးနဲ့ပိုပြီးအနေနီးသွားတာပေါ့။
အဲ့ကျမှဘဲ Tyler ရဲ့အပြုအမူတစ်ခုချင်းကိုလိုက်ကြည့်ပြီး ဆူနေတော့တာဘဲ။
တကယ်တော့ Tyler ဆိုတာ သူငယ်ချင်းတွေကြားမှာတောင် ရုပ်တည်ကြီးနဲ့နေလို့ ချေလွန်းတယ် ဆိုပြီး နာမည်ကြီးပါတယ်။
အဲ့ အယုတ်တမာကြီးနဲ့ကျမှ ဘာလို့ ကလေးဆန်နေလဲ ကိုယ့်ဘာသာကိုယ်တောင်နားမလည်ဘူး။
"စိတ်ရှုပ်လိုက်တာ မုန့်ဘဲ မှာစားတော့မယ်။"
လိုင်းပေါ် မှာဟဟိုကြည့် ဒီကြည့် ကြည့်ရင်းနဲ့ ကိုရီးယားအစားအစာတွေတွေ့တာကြောင့် လှမ်းမှာလိုက်တယ်။
YOU ARE READING
One shot collection
General Fictionjuly အစကတော့ အပုဒ်ရှည်ရေးဖို့စဥ်းစားပေမယ့် one shotလေးတွေဘဲရေးဖြစ်တော့တယ်။ ဒါလေးကိုလည်း ဖတ်ပြီး အားပေးဖို့ မျှော်လင့်ပါတယ်။ ပုံစံမျိုးစံနဲ့ One shot လေးတွေကိုဖန်တီးပေးပါ့မယ်