'ဖြန်းးး´
"အ..မ..မရိုက်ပါနဲ့တော့ တောင်းပန်ပါတယ်...ဟင့် "
'ဖြန်းးး´
"အီးးးဟီးးးတောင်းပန်ပါတယ် ကိုကို....နောက်မဖြစ်စေရပါဘူး။"
"စိတ်ချ!!နောက်တစ်ခါဆိုတာ တွေးတောင်မတွေးရဲစေရဘူး"
'ဖြန်းးး´
"အင့်...သက်ညှာပေးပါ ကိုကို....ဟင့် "
'ဖြန်းးး´
"ကိုယ့်အပြစ်ကိုယ် သိပြီလား ခန့်ခန့်"
"ဟင့်.....သိ...သိပါပြီ ကိုကို ဟင့်...."
"ပြော!!ဘာကြောင့် အရိုက်ခံရတာလဲ။"
"ဟင့်...ဆေး..ဆေးလိပ်ခိုးသောက်မိလို့ပါ..ဟင့်"
"နောက်မလုပ်တော့တာ သေချာလား!!"
"ဟင့် ....သေချာပါတယ် ကိုကို"
ခန့်ခန့်ဆီက သေချာတဲ့ကတိစကားကိုကြားမှ လက်ထဲကကြိမ်လုံးကို ပစ်ချလိုက်တယ်။
တိုင်ကိုဖက်ပြီး ငိုနေတဲ့ကောင်လေးကချစ်ဖို့ကောင်းသလို ဆိုးသွမ်းလွန်းတယ်။ပျက်စီးနေတာ မဟုတ်ပေမယ့် စူးစမ်း စမ်းသပ်ချင်စိတ်ကြောင့် တားမြစ်ထားတာတွေပါ ခိုးလုပ်တတ်လေတယ်။
အခုလည်း ရေချိုးခန်းထဲမှာ ဆေးလိပ်ခိုးသောက်တယ်တဲ့။အခုရက်ပိုင်းရေချိုးရင်ကြာလွန်းနေတာကြောင့် စောင့်ကြည့်နေခဲ့သော်လည်း ဘာမှမထူးခြား။
နောက်ဆုံး ခန့်ခန့် ရေချိုးခန်းထဲဝင်နေတုန်း ၁၀ မိနစ်လောက်နေမှ အပြင်ကနေခေါ်ထုတ်ပြီး ဝင်စစ်ကြည့်တဲ့အခါ ဆေးလိပ်ပြာတွေကိုတွေ့တော့တယ်။
သေချာရိုက်စစ်ပြီးမေးကာမှ မီးခြစ်နဲ့ဆေးလိပ်ဗူးကို ရေချိုးခန်း လေဝင်လေထွက်ပေါက် အပြင်ဘက်မှာဖွက်ထားလေရဲ့။
ကိုယ့်နောက်ကွယ်သာတစ်ခုပြီးတစ်ခုခိုးလုပ်ရဲတာ ကိုယ့်အရှေ့မှာတော့ မလှုပ်ရဲ။အခုလဲ ကိုယ်ကမခေါ်သေးလို့ မျက်နှာငယ်လေးနဲ့ကြည့်နေလေရဲ့။
"လာခဲ့တော့ လူဆိုးကောင်လေး။"
ခွင့်ပြုချက်ရတာနဲ့တင်ပါးလေးကိုပွတ်ပြီးရင်ခွင်ထဲပြေးလာတဲ့ကောင်လေး။သိပ်မကြာဘူး မျက်နှာကိုဝှက်ပြီးငိုပါလေရော။ဖက်ထားတာကလည်း အရိုးကျိုးလောက်တယ်။
![](https://img.wattpad.com/cover/275308594-288-k850905.jpg)
YOU ARE READING
One shot collection
General Fictionjuly အစကတော့ အပုဒ်ရှည်ရေးဖို့စဥ်းစားပေမယ့် one shotလေးတွေဘဲရေးဖြစ်တော့တယ်။ ဒါလေးကိုလည်း ဖတ်ပြီး အားပေးဖို့ မျှော်လင့်ပါတယ်။ ပုံစံမျိုးစံနဲ့ One shot လေးတွေကိုဖန်တီးပေးပါ့မယ်