ကိုကိုနဲ့ကျွန်တော်

31.5K 347 12
                                    

Zawgyi

Part 1

အထက်တန်းအောင်ပြီးတဲ့ Kelvin ဟာ ယနေ့မှာတော့ တက္ကသိုလ်ကျောင်းသားဘဝကိုစတင်ခံစားရတော့မှာပါ။

တကယ်တန်းပြောရရင် ကျောင်းဖွင့်ပြီးတာ တစ်ပတ်လောက်ရှိပေမယ့် Kelvin ကတော့ဒီနေ့မှအတန်းစတတ်မှာပါ။

ဘာကြောင့်လည်းဆိုတော့ ပထမတစ်ပတ် နှစ်ပတ်လောက်ကဘာစာမှမသင်ဘူးလို့ စီနီယာတွေပြောတာကြောင့်ပါ။

တစ်နှစ်လုံးမှာ ပထမဆုံးကျောင်းတတ်ရက်သာ တတ်ကြွနေတတ်တဲ့ Kelvin က   မနက် ၇ နာရီခွဲကတည်းကအဆင်သင့်ဖြစ်နေခဲ့ပြီ။

ဒါကြောင့် အချိန်နည်းနည်းဖြည့်တဲ့အနေနဲ့လိုင်းလေးခဏဖွင့်ကြည့်တဲ့အခါမှာ My World ဆိုတဲ့ contant လေးကမီးစိမ်းနေသတဲ့။ဒါနဲ့ Kelvin လည်း

Morning💕koko အခုမှကျောင်းသွားဖို့ပြင်ဆင်လို့ပြီးတယ်။

📲 MORNING Bae ဇွဲရှိလှချည်လား။စောစောစီးစီးနိုးလို့။📲

ပထမဆုံးကျောင်းတတ်တဲ့နေ့ဆိုတော့လည်း နေရာသွားလုရအုန်းမှာမလို့ပါ။😁

📲အတန်းချိန်မှန်မှန်တတ်ပြီး စာကြိုးစားနော်📲

ဟုတ်ကဲ့☺️

📲 ဒါဆိုကိုယ်လည်းဆိုင်သွားလိုက်အုန်းမယ်📲

Bye bye  koko😘

📲Bye bye bae📲

kokoနဲ့စာပို့ပြီးတာနဲ့ခနလောက်ဖုန်းသုံးပြီးနာရီကြည့်လိုက်တော့ ၈ နာရီ။
၉ နာရီမှာ ပထမအချိန်စမှာ ဖြစ်တာကြောင့် ကြိုပြီး တော့ထွက်လာလိုက်တယ်။

Kelvin မှာကိုယ့်ကိုစကားမပြောရင် စပြီးမပြောတတ်တဲ့အကျင့်ရှိတာကြောင့် ဘယ်သူနဲ့မှရောရောနှောနှောမနေဘဲတစ်ယောက်တည်းဘဲ တစ်တန်းယူပြီးထိုင်လိုက်တယ်။

စဝင်လာကတည်းက လိုက်ကြည့်နေတဲ့လူတွေကိုတော့ လျစ်လျူရှုလိုက်တယ်။လူတစ်ယောက်ဝင်လာရင်ဝင်လာတဲ့လူတိုင်းကိုလိုက်ကြည့်နေတာလေ။အင်းးးးပြီးတော့ကိုယ်ကလည်းချောတာကိုကြည့်မှာပေါ့။

ဆရာမတွေတစ်ချိန်ပြီးတစ်ချိန် ဝင်လာကြ မိတ်ဆက်ကြ  စာသင်ကြ ပြီးတဲ့အခါထမင်းစားနားတဲ့အချိန်ရောက်တော့ ကိုယ့်ကိုလာမိတ်ဆက်တဲ့လူတွေရှိပေမယ့် အလိုက်သင့်လေးဘဲ နေပေးလိုက်တယ်။

One shot collectionWhere stories live. Discover now