Heaven Club

11.5K 162 1
                                    

မြေအောက်လောကရဲ့ အကြီးမားဆုံး၊အရှုပ်ထွေးဆုံးနဲ့ အန္တရာယ်အများဆုံး နေရာ။

တရားမဝင်ဆေးတွေ၊ကုန်ကူးခံရတဲ့လူတွေ၊လိင်ကျွန်တွေ၊one night standတွေကို လေလံတင်ရောင်းချတဲ့နေရာ။

ဒါကတော့ သူတို့ပြောပြောနေကျ နတ်ပြည်လို့ခေါ်တဲ့ Heaven Club။
ဧက ၅၀၀ နီးပါးကျယ်ဝန်းပြီးပုံစံတူအဆောက်အဉီးငယ်တွေလုပ်ထားတာကြောင့် သွားလာနေကြလူတွေတောင် နေရာမှားတတ်ကြတယ်။

William,Johnနဲ့Stephenတို့သုံးယောက်သာ ကျွမ်းကျွမ်းကျင်ကျင်သွားလာနိုင်တယ်။လျှို့ဝှက်လမ်းတွေကိုသိတာလည်း ထို ၃ယောက်ဘဲ ရှိတယ်။

Williamဆိုတာ ဆေးအရောင်းအဝယ်လောကမှာ ဘုရင်လို့တင်စားခေါ်ဝေါ်ကြတဲ့မူးယစ်ရာဇာပေါ့။L cityတစ်ဝိုက်ကဆေးဆိုတာနဲ့ သူ့လက်ထဲကရောင်းထွက်
သွားတာချည်းပင်။

Johnကတော့Heavenနဲ့တွဲဖွဲ့ထားတဲ့ ဂိုဏ်းကခေါင်းဆောင်။ကြေးစားဂိုဏ်းရဲ့ အရှင်သခင်ပေါ့။

သူငယ်ချင်းသုံးယောက်မှာ ၂ယောက်ကဒိတ်ဒိတ်ကြဲ တြွေဖစ်ပေမယ့် Stephenကတော့ လူသိနည်းလေတယ်။

အမြဲ maskတပ်ထားတတ်တာကြောင့် Williamနဲ့ Johnကလွဲလို့ သူ့ရုပ်ကိုမြင်ဖူးတဲ့လူမရှိ။

ဘာအလုပ်မှ မည်မည်ရရ မရှိပေမယ့် Heavenရဲ့ဉီးဆောင်သူလို့ သတ်မှတ်ထားကြတယ်။ခေါင်းသမားလို့ ခေါ်ကြရလောက်တဲ့အထိကို ဉာဏ်ကောင်းလွန်းတယ်။

Stephen "ငါ နယ်မြေ ၃ ကိုသွားလိုက်အုန်းမယ်။မင်းတို့ပြန်ချင်ရင် ပြန်နှင့်ကြ။"

နယ်မြေ ၃ ဆိုတာ one night stand တွေအတွက် နယ်မြေပေါ့။အပိုင်းတစ်ခုဆီကို နယ်မြေတစ်ခုအနေနဲ့သတ်မှတ်ပိုင်းခြားထားကြတယ်။မလိုအပ်တဲ့ပြဿနာတွေမဖြေရှင်းချင်တာကြောင့်ပေါ့။

John "မင်း အခုတလော နယ်မြေ ၃ ကို ခနခနသွားနေတယ်နော်။ ဘာလဲပြဿနာရှိလို့လား။"

Stephen "ပြဿနာကတော့ရှိတယ်။ ဒါပေမယ့် ကိုယ်ရေးကိုယ်တာ ပြဿနာ"

ပြောရင်းနဲ့ condom တစ်ခုကို ထောင်ပြပြီး အိတ်ကပ်ထဲထည့်သွားတာကြောင့်
Williamတို့သဘောပေါက်သွားကြတယ်။

One shot collectionWhere stories live. Discover now