Unicode
သုံးနှစ်ခန့်ကြာသော်.....
ေဂျာင်ကုခြံထဲမှပန်းပင်လေးများကိုရေလောင်းလျက်ရှိသည်။ ခြံထဲအလုပ်လုပ်နေကြသည့် အလုပ်သမားများနီးတူ အပင်ဝိုင်းစိုက်လျက် ပန်းအိုးများကိုနေရာချနေသည်။ ကျွန်းပင်ကြီးများ ရာဘာပင်ကြီးများဖြင့်စိမ်းစိုနေသော လွိုင်လားတောင်တန်းကြီးကိုလှမ်းမြင်နေရသည့်ဒီနေရာက သိပ်ကိုအေးချမ်းပါ၏
မောပန်းပေမယ့် ဟိူး..တမာပင်အရိပ်အောက်မှာ တရားထိုင်နေသည့်ထယ်ယောင်းကိုတွေ့တော့ အမောတွေကပြေသွားသလိုလို။
နေပြန်ကောင်းစပြုလာပြီဖြစ်သောထယ်ယောင်းကို ဆရာဝန်တွေက အာရုံစူးစိုက်မှုအားကောင်းဖို့ တရားထိုင်ခိုင်းသည်။ဦးနှောက်လန်းဆန်းစေဖို့ Mozart musicမျိုးတွေကိုနားထောင်ခိုင်း၏။ မနက်ဘက်ဆို ကျွန်တော်နဲ့တူတူလမ်းလိုက်လျှောက်ကာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရသည်။ ငယ်က အစကတည်းကအနေအေးသူမို့ အခုဆိုပိုလို့ပဲတည်ငြိမ်အေးချမ်းလာတော့သည်။ ကျွန်တော့မှာ မထိရက်မကိုင်ရက်။ အရှင်းပျောက်အောင်ကုသမပေးနိုင်လို့ အမြဲတမ်းဆရာဝန်နဲ့ပြကာ ကုသမှုခံယူနေရသည့် ထယ်ယောင်းမှာ အခုဆိုအခြေနေတော်တော်တိုးတက်လာပြီဖြစ်သည်။ ထယ်ယောင်းကိုကုသ၍အောင်မြင်ခဲ့သော ဆေးမှာ နောက်ထပ်ရောဂါဝေဒနာရှင်များကိုပါကုသနိုင်ခဲ့သဖြင့် ဝမ်းသာရသည်။
ဘာပဲဖြစ်ဖြစ်သေမင်းတံခါးဝမှလွတ်မြောက်လာသည့်ငယ့်အတွက် ကျွန်တော်ကမ္ဘာသစ်တစ်ခုကိုတည်ဆောက်ပေးထားခဲ့ပြီ။
"ဒီဘက်ကအိုးတွေပါ ဟိုဘက်ကိုပြောင်းစီထားလိုက်"
"ဟုတ်ကဲ့ ဆရာ"
လက်အိတ်ကိုချွတ်ကာချွေးတွေကိုလက်နဲ့သတ်ချရင်း တမာပင်အောက်ကခူံတန်းလေးဆီသွားလိုက်သည်။ သစ်ပင်ကိုဝိုက်၍ လုပ်ထားသောသစ်သားခုံလေးမှာအသာလေးဝင်ထိုင်ပြီး ကျွန်တော့အေးချမ်းရာလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။ တကယ့်အရုပ်လေးကျနေတာပဲ။ ကျွန်တော်ပင်ပန်းရကြိုးနပ်သည့်ကောင်လေးပါလေ။
မျက်တောင်အရှည်ကြီးတွေကိုအသာလေးလှုပ်ခတ်၍ ကျွန်တော့ဘက်လှည့်ကြည့်ကာ ပြုံးပြလာသည့် အပြုံးချိုချိုတို့မှာ ကျရှုံးပြီးရင်းကျရှုံးရပြန်။