Zawgyi
အပြင်မှာ မိုးဖွဲဖွဲလေးတွေ ကျနေတယ်...။
ညက ဂျုံးဂုနဲ့ အတိတ်ကအကြောင်းတွေပြန်ပြောရင်း..အချိန်ကုန်သွားလိုက်တာ မိုးလင်းခါနီးလောက်မှအိပ်ပျော်သွားတယ်လို့ပင်ထင်ရ၏။..ဗိုက်ပေါ်တင်ထားတဲ့ သူ့လက်တွေကို.ဖြေးဖြေးချက်းဖယ်လိုက်ပြီး ဝတ်ဖို့အင်္ကျီလိုက်ရှာတော့.. ညက သူ့အားကြီးနဲ့ချွတ်ပြီးပစ်ထည့်လိုက်တဲ့အင်္ကျီက စိတ်ဆိုးပြီးအိမ်ပေါ်ကဆင်းသွားပြီလားမသိ။ အစအနပင်ရှာမတွေ့တော့.. ကုတင်အစွန်းနားက သူ့အင်္ကျီT shirt လက်ရှည်ကိုပဲ ကောက်စွတ်ပြီး ကြယ်သီးသုံးလေးလုံးတက်ကာ.. မတ်တပ်ထရပ်လိုက်သည်။..
အိုး...တော်တော်တောင် နောက်ကျနေပြီပဲ.. 11ခွဲ.။ဟိုတစ်ယောက်က အလုပ်သွားရမှာမဟုတ်ဖူးလား..? ပြတင်းပေါက်လိုက်ကာကို အသာဖွင့်ကြည့်လိုက်တော့ မှိုင်းညို့ညို့ ကောင်းကင်ကြီးကလွမ်းမောစရာကောင်းစွာ မိုးစက်တို့ကတစ်ဖြောက်ဖြောက်နှင့်...။ နေအလင်းရောင်အတိကင်းလွတ်တဲ့နေ့လေးတစ်နေပါလားလေ။ အိမ်တော်ထဲတွင်တော့ ကိုယ်တာဝန်ရှိရာ ထမ်းဆောင်နေကြတဲ့.. အလုပ်သမားတွေအစီအရီ။ ကျွန်တော့ကိုလဲ ဂျုံးဂုနည်းတူ လေးစားကြသည်
၊ အထူးသဖြင့်အန်တီ.. ကျွန်တော်နဲ့ဂျုံးဂုလက်ထပ်တော့ အပျော်ကြီးပျော်နေခဲ့တဲ့အန်တီ။ မွေးကတည်းက တစ်ယောက်ထဲရှင်သန်ခဲ့ရပေမဲ့ ဂျုံးဂုရဲ့အရိပ်ကိုရောက်တဲ့အချိန် ဘဝဟာတစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တယ်။ အားလုံးကဝိုင်းချစ်ခံရအောင် ဂျုံးဂုကထားတယ်။ လူတိုင်းလေးစားနေအောင် သာမန်မဟုတ်တဲ့relationပေမဲ့ လူတိုင်းအားကျနေအောင် ဂျုံးဂုကချစ်ပြနိုင်ခဲ့တယ်။ ကျွနိတော်ယောကျာ်းရတော့ကံကောင်းတဲ့ပုံပါပဲ...
မိုးအေးအေးနဲ့ စောင်ထဲအပီကွေးနေသော ချစ်ယောကျာ်းကြီးကိုအလုပ်သွားဖို့နှိုးရပေဦးမည်။.. ဂျုံးဂုကဖေဖေမရှိတော့တဲ့အချိန်ကစလိုအရင်အတိုင်း..ကုမ္ပဏီကိစ္စအဝဝကို တစ်ယောက်တည်း..အုပ်ချုပ်ရသည်။ ကျွန်တော့မှာလဲ ဘွဲ့ကြီးသာယူထားပြီး ဘာအစိုးရဝန်ထမ်းမှ ဝင်မလုပ်ရ ။လက်ထပ်ပြီးကတည်းက သူ့ရဲ့ဥိးဆောင်မှုအောက်မှာသာ.. သူ့ဆုံးဖြတ်ချက်ကိုသာ လေးစားရသည်။..