Unicode
လွန်ခဲ့သောတစ်နှစ်ခန့်က....
အိပ်ယာထဲမှာလဲလျောင်းနေရင်း အခန်းနံရံကြီးကိုကြည့်ကာငြိမ်သက်နေမိသည်။မိုးချိန်းသံတွေကြားတယ်။ အရင်ကဂျောင်ကုပေးဖူးတဲ့ကတိကိုမမှတ်မိတော့ပေမယ့် တစ်ယောက်ထဲအထီးကျန်သလိုခံစားနေရသည်။
ဦးနှောက် မရှိတော့တဲ့လူလို တစ်ခါတစ်လေ ခေါင်းထဲအခွံလွတ်ကြီးလိုဖြစ်နေသည်။ အခုနောက်ပိုင်း မှတ်ဥာဏ်တွေကပိုပိုဆိုးလာတယ်။
အကောင်းတိုင်းဖြစ်နေပြန်တော့လည်း လွမ်းဖျားလွမ်းနာက ကျလာပြန်ရော။ ကျွန်တော်အခုနောက်ပိုင်းစာရေးဖို့ဦးနှောက်တွေစုစည်းမရတော့ဘူး။ စာလုံးတွေလည်းမပေါင်းတတ်တော့ဘူး။
ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုသိလို့ ဟိုးအရင်လတွေထဲက တစ်လတစ်ခါဂျောင်ကုဆီစာပို့နိုင်ဖို့ကြိုရေးထားခဲ့သည်။
ဘဝကြီးကသိပ်ကိုအသက်မဲ့လိုက်တာ။ ကျွန်တော့ရဲ့အပြစ်တွေကအဲ့လောက်တောင်များခဲ့လေသလား။ဝဋ်ကြွေးရှိရင်မြန်မြန်ကုန်ဖို့မျှော်လင့်မိပါတယ်။ မိသားစုဝင်တွေရဲ့မျက်ရည်တွေကိုမြင်ရရင် အားနာမိတယ်။ ကျွန်တော့အဖြစ်ကိုကျွန်တော်ပြန်မြင်ယောင်လာရင်လည်း ဝမ်းနည်းမိတယ်။ ကံကိုတော့အပြစ်မဖို့ပါဘူး။ တစ်ခုပဲ ဂျောင်ကုသိရင် ရင်မကွဲစေရန် သက်ညှာပေးဖို့ေတ့ာ တောင်းဆိုချင်ပါတယ်။
စားပွဲပေါ်ကပန်းချီစာအုပ်လေးကိုလှမ်းယူ၍ ထိပ်ဆုံးစာမျက်နှာမှာဆွဲထားသည့် ဂျောင်ကုပုံကိုဖွင့်ကြည့်လိုက်သည်။ စာမျက်နှာနုနုပေါ်တွင် အကွက်အကွက်တွေကို တွေ့တော့ ကျွန်တော်အရင်ကလည်းဘယ်လောက်တောင်ငိုခဲ့ဖူးလည်း မမှတ်မိတော့ပါချေ။
"ဂျောင်ကုနဲ့တကယ်ပဲခွဲရတော့မယ်ထင်ပါတယ်"
ဒေါက်ဒေါက်!!
"ဟန်နာဝင်လာမယ်နော်"
မျက်ရည်တွေကိုမြန်မြန်သုတ်လိုက်ပြီး ဝင်ခဲ့ဖို့ပြောလိုက်သည်။
" ဟန်နာဒီနေ့စာတိုက်ကြီးဆီရောက်မယ်။ ထည့်ပေးလိုက်စရာ စာရှိလား"