(Zawgyi)
ချွေးတွေထွက်လိုက် အင်္ကျီ လဲပေးလိုက်နဲ့ အအေးပတ်သွားမှာစိုးလို့တစ်ညလုံး စောင့်ပေးနေတာ ထယ်ယောင်း မနက်နေထွက်ခါနီးလောက်မှမှေးကနဲအိပ်ပျော်သွားသည်။
အစာလဲသိပ်မဝင်ဘူး စားထားတဲ့ အစာတွေပြန်အန်ထွက်လို့လဲ.. သိမ်းဆည်းရသည်။ ည၂နာရီလောက်က ချမ်းတယ်ဆိုပြီး ပြောလို့ လက်အိတ်ခြေအိတ်တွေဝတ်ပေးပြီး နွေးနွေးထွေးထွေးထားတော့ ခဏနေ အကုန်ခါချလိုက်သည်။ ဆွဲချွတ်ပစ်သည်။ ကျောပြင်ကိုစမ်းကြည့်တော့ချွေးတွေရွှဲနစ်နေပြန်ရော ။ဒါနဲ့ အားတွေကုန်သွားမှာစိုးလို့ miloလေးဝင်အောင်တိုက်တော့ ခေါင်းကြီးပဲအတင်းခါပြီး ခွေနေသည်။ ထယ်ယောင်း ဆွဲလှည့်ပြီး "မသောက်ရင် ပြန်မှာနော်"လို့ အသံမာမာနဲ့ သတိပေးမှ မသောက်ချင်သောက်ချင်နဲ့နဲနဲလေးထသောက်သည်။ အဲ့လူကြီးက သူ့စိတ်အတိုင်းပဲ ခန္ဓာကိုယ်က အပြောင်းအလဲကိုမြန်လွန်းအားကြီးတယ်။ နောက်တစ်ခါထပ်ဖျားရင်တော့ ကလေးတွေထပ်ဆိုးတဲ့ ဒီကလေးကြီးကို ဆေးထိုးအပ်နဲ့ကိုထိုးပစ်ဦးမှာ။
ဘာပဲဖစ်ဖြစ် သူ့အပေါ်ဂျုံးဂုတွယ်တာလွန်းတာ ထယ်ယောင်းသိသည်။ မျက်နှာကိုမာထားပေးမဲ့ ဂျုံးဂုကတစ်ချက်တစ်ချက် ကလေးလိုပဲဆိုးသည်။ အင်း..သူ့ကိုယ်ကြီးကိုမှအားမနာပေါ့လေ။ ညက မမလေးပြန်မလာဘူးနဲ့တူတယ်။ ဂျုံးဂုဆီ လာတောင်မကြည့်ဘူး။ အိပ်ပျော်နေတဲ့ ဂျုံးဂုနှဖူးကဆံပင်လေးတွေကိုသပ်တင်ပေးရင်း... ခုံစောင်းလေးမှာခဏမှီနေလိုက်တာ မိုးလင်းတဲ့ထိပဲဆိုပါတော့။
အခန်းထဲအနဲငယ်တိုးဝင်လာသည့် လေအေးတွေကြောင့် ဂျုံးဂု အနဲငယ်လှုပ်ရှားလာသည်။
စပ်ဖျင်းဖျင်းမျက်စိတွေကိုပွတ်ပြီး ထိုင်ဖို့ကြိုးစားတော့ ခြေထောက်ကအနဲငယ် ရွေ့သွားသည်ကိုတွေ့လိုက်ရချိန်...။ ကိုယ်တိုင်တောင်မယုံနိုင်သည်အထိဖြစ်သွားရပြီး ခြေထောက်တွေကို ထိကြည့်တော့ ထိတွေ့ခြင်းအသိကို အလုံးစုံမဟုတ်တောင် နဲနဲလေးတော့ ခံစားလို့ရသည်။ နေမကောင်းမဖြစ်ခင်အထိ သူလမ်းလျှောက်ကျင့်တာ နေ့ရောညပါ။ ထယ်ယောင်းပြန်သွားလဲ အခန်းထဲမှာတစ်ယောက်ထဲ ကြိုးစားကျင့်နေခဲ့သည်။