14. Home

1.4K 155 1
                                    

Unicode;

မှောင်နေတဲ့ သူ့ဆီကို မီးအိမ်လေး ရောက်လာတဲ့နေ့က သိပ်ပျော်စရာ ကောင်းခဲ့တာပေါ့

လူဆိုတဲ့ သက်ရှိတွေရဲ့ တည်ဆောက်ခြင်းတွေမှာ
လောဘဆိုသည်ကလည်း မရှိမဖြစ်ပါဝင်ပစ္စည်းပဲ ထင်ပါရဲ့..
ရှင်သန်ခြင်းကို သိရှိသွားတဲ့ သူ့လိုလူဆီမှာ လောဘတစ်ခုက ကပ်ပါလာပြန်တယ်လေ...

လမ်းတွေက ကျယ်ပြန့်လာလေလေ သူဆက်ပြီး လျှောက်လှမ်းချင်မိလေလေ. လောကကြီးကိုပိုပြီး ရှာဖွေချင်မိလေလေပါပဲ...
ကြောက်တယ်...ကြောက်နေတုန်းပဲ....
မီးအိမ်လေးသာ အနားမရှိရင် မှောင်မြဲတိုင်း မှောင်နေရမဲ့ ခြေလှမ်းတွေကို သူကြောက်တယ်။

ကိုယ်ပိုင်အလင်းရောင်နဲ့ လျှောက်လှမ်းဖို့ရာ ကြိုးစားပြန်တော့ ကျွမ်းလောင်ပြီးသား သူ့အလင်းရောင်က ပြုပြင်ဖို့ခက်ခဲစွာ အားနည်းလွန်းတယ်တဲ့

ဘယ်လိုလုပ်ရမလဲ ?
ကောင်းကင်ကြီးကို မျက်နှာမူရင်း မေးခွန်းထုတ်မိတယ်။

"လောကကြီးမှာ အံ့သြစရာတွေ အများကြီးရှိသေးတယ်". .

ဖြေဆိုသံက ကောင်းကင်လည်းမဟုတ် မီးအိမ်လေးလည်းမဟုတ်တဲ့ ခပ်လင်းလင်း ပုံရိပ်တစ်ခုဆီက..............

--------------------------------------

"ခုန်ချလိုက်တဲ့အချိန်လေ..
လုံးဝကို လူရောဝိဉာဥ်ပါ လွင့်မျောသွားပြီပဲ ထင်တာ.
တစ်ဘဝလုံး မွန်းကျပ်လာခဲ့သမျှ အကုန် လွင့်ထွက်ကုန်တာပဲ ကောကောရဲ့"

Las Vegas က 253 မီတာအမြင့်ရှိတဲ့ towerကနေ Skyjump လုပ်ခဲ့တဲ့ အတွေ့အကြုံကို ပြောပြနေတဲ့ ဒီမိန်းကလေးက တကယ့်ကို အာဂမိန်းမလေး.
အဲ့ဒီနေရာမှာ သူသာဆိုရင် တစ်ခါတည်း အသက်ရှုတောင် ရပ်သွားခဲ့မလားပဲ.

"အပေါ်စီးကနေမြင်နေရတဲ့ Las Vegas ရဲ့ မှောင်ခါနီး ဆည်းဆာချိန် ရှုခင်းက အရမ်းအံ့သြစရာကောင်းတာ.
တစ်စတစ်စ လင်းလက်လာတဲ့ City light တွေကလည်း မျက်စိတစ်ဆုံး၊ အဆောက်အအုံတွေရဲ့ တောက်ပခမ်းနားမှုတွေ. မြင်ကွင်းတိုင်းရဲ့ လှုပ်လှုပ်ရှားရှား ပုံရိပ်တွေက
Wow... ဒါ လောကကြီးရဲ့ အသက်ဝင်နေမှုကြီး
ရှင်သန်ခြင်းရဲ့ အရသာပဲ.. ဆိုပြီး ခံစားရစေတာပေါ့..."

𝗦𝘂𝗻𝘀𝗲𝘁 (Completed)Where stories live. Discover now