Unicode;
"Wow.. လှလိုက်တာ!"
"ဟေး.. ဖြေးဖြေးသွားလေ"
ကင်မရာတစ်လုံးနဲ့ တက်လိုက်ဆင်းလိုက် လမ်းသွယ်ပတ်လမ်းလေးမှာ ကလေးတစ်ယောက်လိုပျော်မြူးနေတဲ့ ကောင်မလေးပါပဲ..
မြင်သမျှကို ဓာတ်ပုံရိုက်တယ်...
အပြုံးတွေက တကယ်တောက်ပနေတာပဲ..
သူမ တကယ်ကြီးပျော်နေတာပဲ.."ပြောတော့ ရောက်ဖူးတယ်ဆို.. မသိရင် အခုမှခရီးထွက်ဖူးတဲ့ ကလေးကျနေတာပဲ... ကိုယ့်အသက်ကိုယ်လည်း ပြန်ကြည့်ဦး"
"ဘာဖြစ်လဲ. အရင်ကရောက်တာက တစ်ယောက်တည်းခဏလေးပဲရောက်လိုက်တာ..
ပြီးတော့ မိုးတွင်းကြီးဖြစ်နေတော့ သိပ်တောင်မလည်လိုက်ရဘူး.. ဘယ်လောက်အထီးကျန်ဖို့ကောင်းလိုက်သလဲ.."ပြောရင်း ရှေ့ဆက်သွားကာ ပြန်လှည့်ပြီး
"ပြီးတော့ ဒီနေရာမှာ ကျွန်မကိုယ်ကျွန်မ ဆယ်ကျော်သက်လို့ပြောလဲ လူတိုင်းက ယုံမှာရှင့်.. လွပ်လွပ်လပ်လပ်နေချင်တိုင်းနေလို့ရတာ ခရီးသွားတဲ့အချိန်ပဲရှိတယ်"
သူတစ်ချက်ပြုံးတယ်..
ဒါတော့ လက်ခံပါတယ်..
ပြီးခဲ့တဲ့နှစ်တွေအတွင်း သူမလည်း တာဝန်တွေများလာတာနဲ့အမျှ အရင်လိုပေါ့ပါးတက်ကြွတဲ့အပြင်အဆင်နဲ့ အမူအရာတွေသိပ်မလုပ်တော့ဘူး...
Business Lady ဖြစ်လာတယ်ဆိုတော့ Business type ပေါ့...
အခု သူမကို အရင်ကလို ပေါ့ပေါ့ပါးပါးလေးပြန်မြင်ရတာပဲ..
သူကိုယ်တိုင်တောင် အရင်အချိန်ကို ပြန်ရောက်သွားသလိုပဲ.."ကော.. ကျွန်တော့ကို စောင့်ဦး"
ရင်ထဲထိတ်ကနဲ..
အမြန်လှည့်ကြည့်မိတော့..
ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်က လူတစ်ယောက်နောက် အပြေးလိုက်သွားတာကိုတွေ့လိုက်ရတယ်...
တရုပ်လိုပြောတယ်ဆိုတော့ တရုပ်လူမျိုးပေါ့လေ..အာ...အထင်မှားနေတာပဲ... သူဘယ်တော့မှ အရင်အချိန်ကို ပြန်မရောက်နိုင်ဘူးပဲ..
Santorini က ရူးလောက်အောင်လှတယ်..
ဒီလိုသေးငယ်တဲ့မြို့သေးသေးလေးက နယ်ခံတွေသိပ်မရှိပဲ ကမ္ဘာလှည့်ခရီးသည်တွေနဲ့သာ ပြည့်နှက်နေတဲ့နေရာမျိုး...
ကမ်းပါးတစ်လျောက် အဖြူရောင်အုပ်ကြွပ်အထပ်ထပ်နဲ့ အဆင့်ဆင့်တည်ဆောက်ထားတဲ့ အံ့သြဖွယ် အဆောက်အအုံလေးတွေဟာ အရမ်းလည်း ချစ်စရာကောင်းတယ်...
လမ်းကြားလေးတွေထဲ လျောက်သွားရတဲ့အရသာ... Cafe ထိုင်ရင်း ပင်လယ်ပြင်ကြီးရဲ့ အလှတရားကို ရှုစားရတဲ့ လွပ်လပ်မှုက ဘာနဲ့မှမတူဘူး..
တစ်သက်လုံးမှာ ခရီးရှည်လမ်းလျောက်ခြင်းက ဒီနေရာမှာ ပထမဆုံးပဲ...
YOU ARE READING
𝗦𝘂𝗻𝘀𝗲𝘁 (Completed)
FanficSantoriniမှာ ဝိုင်သောက်ပြီး Sunset ကြည့်ချင်တာက ရည်ရွယ်ချက်ဆိုတဲ့ လူကို သိပ်လွမ်းတယ်... ဒီလူရဲ့ အတွေးက ဘယ်လောက်တောင် ရိုးရှင်းပြီး ဘယ်လောက်တောင် ကလေးဆန်လိုက်သလဲ.. ဒါပေမဲ့ သူက ပိုပြီးကလေးဆန်ပါတယ်.. ဝိုင်သောက်ပြီး Sunset ကြည့်နေတဲ့လူကို ငေးခွင့်ရဖို့က...