6. Dearness

2.6K 272 17
                                    

Unicode;

မြင်ကွင်းတွေက ဝေဝါးလို့..

"သားရေ.. ကျန့်လေးရေ.. ဘယ်မှာ ပုန်းနေလဲ
မား ရှာတွေ့တော့မယ်နော်.."

"ခစ် ခစ်.."

ကလေးငယ်တစ်ယောက်ရဲ့ ရယ်မောသံက
သာယာနာပျော်ဖွယ်ရာ
ထိုကလေးလေးက တံခါးအကွယ်ကနေ
လှစ်ကနဲ ပြေးထွက်လာတယ်။

"ကျန့်လေး... ပါးက ဒီမှာ
မားရှာမတွေ့အောင် ဒီကိုလာပုန်း လာ.."

ကလေးငယ်လေးက အပြေးလေးလာတဲ့အခါ
ကလေးကို ပွေ့ဖက်လို့ ရင်ခွင်ထဲထည့်ကာ
ရယ်မောနေတဲ့ အဖြူရောင် ပုံရိပ်လေးက
သိပ်နွေးထွေးလွန်းလိုက်တာ။

"ဝါး.... အဖေရော သားရော တစ်ပြိုင်တည်း မိပြီကွ"

နောက်ကျောအကွယ်ကနေ ရုပ်တရက်ပြေးထွက်လာတဲ့
နောက်ထပ် ပုံရိပ်ဖြူလေးတစ်ခုက
ရီမောနေတဲ့ သားအဖကို ပြေးဖက်တယ်။
ဤသို့နှယ် အပြုံးပန်းတွေ ဝေဆာနေတဲ့ ဒီမိသားစုလေးက
ပျော်ရွင်ဖွယ်အတိ။

"........"

ရုပ်တရက် မြင်ကွင်းတွေ မှောင်မဲသွားတယ်။
သူဘယ်ရောက်သွားတာလဲ..?
ဟင်.. လမ်းကျယ်တစ်ခု...
ဒီနက်မှောင်နေတဲ့ ကတ္တရာကျောခင်းကြီးထက်
ကားလေးတစ်စီးဟာ အရှိန်နဲ့ ပြေးလွားနေတယ်။
ဒီလမ်းကြီးကမိသားစုတစ်ခုရဲ့ အိမ်ပြန်လမ်းလေး...

ကားပေါ်မှာတော့ခြောက်နှစ်အရွယ်ကောင်လေးတစ်ယောက်က မိခင်ရင်ခွင်ထဲနေရင်း သည်းထန်စွာငိုကြွေးနေလေရဲ့...၊
သူတစ်ခုခုကို ဆုတ်ကိုင်ထားတယ်..
ဟင်... သူ့လက်လေးတွေက သေးသေးလေးတွေ..
ဒီလက်သေးသေးလေးတွေ ဆုတ်ကိုင်ထားတဲ့ အရာက တစ်စုံတစ်ယောက်ရဲ့ အကျီစ၊

"အူးဝါး..!!!"

ဟုတ်တယ်.... ငိုနေတဲ့ ကောင်လေးက သူဖြစ်တယ်။

"ကျန့်လေး.. မဂျီနဲ့တော့ မားတို့နောက်ရက်မှ
ပြန်လိုက်ပို့မယ် ပြောနေတယ်မလား"

မကြိုက်ပါဘူး.. ဒီအလိမ်ညာစကားတွေကို မကြိုက်ဘူး၊

ခန္ဓာကိုယ်ကို တွန့်လိမ်လို့ ခြေစုံကန်ဆန္ဒပြရင်း
သူ့ရဲ့မကျေနပ်ချက်တွေထုတ်ဖော်တယ်။
သူ့ကန်ချက်တွေက Driver seat မှာထိုင်နေတဲ့ လူကို
သွားသွားထိတယ်၊
ဒီအပြုအမူဟာ လမ်းပေါ်မှာ ပြေးလွားနေတဲ့ ကားတစ်စီးအတွက် သိပ်အန္တရာယ်များတယ်ဆိုတာ ဒီကလေးလေး မသိရှာဘူး..

𝗦𝘂𝗻𝘀𝗲𝘁 (Completed)Where stories live. Discover now