8.let me kiss you

2.5K 255 10
                                    

Unicode;

Helmet ကို ချွတ်လိုက်ချင်း လေနုအေးတို့က
မျက်နှာထက် အလုအယှက် တိုးဝင်တယ်။
လည်ပင်းနဲ့ဦးခေါင်းတစ်လျောက် ဝေ့သီနေတဲ့
ချွေးစက်တို့ကြောင့် ခံစားချက်က အေးကနဲ

"ရော့"

တဘက်တစ်ထည်ကမ်းပေးရင်း ရေဘူးအဖုံးပါ အဆင်သင့်ဖွင့်လာပေးတဲ့ ယွဲ့ချင်က သိပ်အလိုက်သိတယ်၊

"နင် လီဖန်ကို နိုင်သွားတာ ငါသိပ်ပျော်တာပဲ"

"အင်း"

"အဲ့ကောင်က သူ့ကိုယ်သူ ရှုံးပွဲမရှိဆိုပြီး
မာန်တက်နေတာ ၊ ကြည့်လို့ကို မရဘူး "

"Ha Ha ... နင် ကြည့်လို့မရဘူးဆိုတဲ့ မာန်တက်နေတဲ့
အဲ့ကောင်က နင့်ကို အသေရရ အရှင်ရရ
လိုချင်နေတာမလား"

သူ့စကားအဆုံး ရှုံ့မဲ့သွားတဲ့ သူမမျက်နှာမှာ အလိုမကျမှုတွေက အထင်းသား

"ပြီးတော့ ဒါက လေ့ကျင့်ရင်း အပျော်တမ်း ပြိုင်တာပါဟာ"

"..........."

"Hey.. Bae.. မျက်နှာကို အဲ့လိုကြီး သုန်မှုန် မနေနဲ့လေ၊
နဂို ကြည့်ပျော်ရှုပျော် ရုပ်ကလေး ဆိုးကုန်တော့မှာပဲကွာ"

လူမရောက်ခင် အသံအရင်ရောက်တဲ့ ငနဲပါတကား။
သူမရဲ့ အလိုမကျမှုများစွာက တစ်ရွှေ့ရွှေ့လျောက်လာနေတဲ့ ဟောက်ရွှမ်းဆီသို့ ဒိုင်းကနဲရောက်တယ်

"နင် သေချင်လို့လားးး "

နုတ်သွက်သလို လက်ပါမြန်တဲ့ မရွှေချောက ဟောက်ရွှမ်းကို
လှမ်းရိုက်တယ်.
ဒီနှစ်ယောက်က မရဘူး၊ တွေ့တာနဲ့ သတ်နေကြတာ၊ ဟောက်ရွှမ်းကလည်း မရမကကို အကြောင်းရှာပြီး စနောက်နေရမှ. မိန်းကလေးဆိုပြီး အထူးတစ်လည် ဆက်ဆံလိမ့်မယ်မထင်ပါနဲ့။
ဟောက်ရွှမ်းက ယွဲ့ချင်ကို မိန်းကလေးလို့ကို မမြင်တာပါ၊

သူလည်း ထိုနည်းလည်းကောင်းပါပဲ။

........

𝗦𝘂𝗻𝘀𝗲𝘁 (Completed)Where stories live. Discover now