အသွင်ဖုန်းလာ၍ကြည့်လိုက်တော့ကိုဇေ့ဖုန်းဖြစ်နေသည်။ကိုဇေဘာလို့ဖုန်းဆက်တာလဲ။ထို့နောက်အသွင်ဖုန်းကိုင်လိုက်သည်။
"ဟယ်လို...."
အသွင်လား....မနက်ဖြန်...ကိုဇေကျောင်းရှေ့စောင့်နေမယ် အခုမှစတက်တာဆိုတော့အဆင်မပြေမှာဆိုးလို့...ခြူးနဲ့ဘဲတူတူလာမှာမလား"
"ဟုတ်တယ်...ကိုဇေ...မစောင့်လဲရပါတယ်...အားနာစရာကြီး"
"အားနာစရာမလိုဘူးအသွင်...အချင်းချင်းတွေဘဲ....ကိုဇေစောင့်နေလိုက်မယ်....ဒါဘဲနော်ကိုဇေဖုန်းချလိုက်တော့မယ်"
အသွင်လဲပြန်တောင်မပြောလိုက်ရဘဲကိုဇေဖုန်းချသွားသည်။***********************************
"ခြူး...ငါနင့်အိမ်ရှေ့မှာငါအိမ်ထဲမဝင်တော့ဘူးနော်....""အေအေခဏစောင့်နော်..ငါဆင်းလာခဲ့မယ်"
"အင်...."
အသွင်ခြူးအလာကို facebookကြည့်ရင်စောင့်နေလိုက်သည်။
"အသွင်....sorryဟာ....ငါနည်းနည်းနောက်ကျသွားတယ်"
"အင်ရတယ်....ကိုဇေညကငါ့ဆီဖုန်းဆက်တယ်....ကျောင်းရှေ့မှာစောင့်နေမယ်တဲ့ငာတို့ကိုအခုမှစတက်တာဆိုတော့ အဆင်မပြေဖြစ်မှာဆိုလို့တဲ့"
"နင်ငါ့ကိုပြောရောပေါ့အခုနောက်ကျနေပြီ...အားနာလိုက်တာ"
"ရတယ်....စိတ်ရှည်ပာတယ်နင့်..ငါတို့ကိုဆိုရင်"
အသွင်အမြန်ပြင်ပြောလိုက်ရသည်။ကိုဇေပြောမှခြူးကိုပေးသိစေချင်သည်။
"ဦးသိန်း မောင်းလို့ရပြီနော်"
"လမ်းမှာဘယ်မှမဝင်တော့ဘူးမလား သွင်လေး"
"ဟုတ်မဝင်တော့ဘူး...."
"အေအေ.."
***************************************
"ဇေဇေဘာလုပ်ဖို့ငါတို့ကိုဒီကိုခေါ်လာတာလဲ"
"အသွင်နဲ့ခြူးလာမှာ သူတို့အဆင်ပြေအောင်လာစောင့်ပေးနေတာ သူတို့ကခုမှစတက်တာဆိုတော့"
"အသွင်လား...."
"ဟုတ်တယ်မမ"
သျှင်ယွန်းလဲဘာမှမပြောဘဲနေ နေလိုက်သည်။နှောင်းကတော့ဇေဇေကအသွင်ထက်ခြူးကိုစောင့်နေတာပိုမှန်တာသိလို့မေးလိုက်သည်။
YOU ARE READING
မုသားဖြင့်လှည့်စား၍
ChickLitမုသားဖြင့် လှည့်စားရက်သူ မင်းမို့လှည့်စားရက်တယ် ငါ့မှာတော့မင်းရဲ့ အပြုံး ချိုချို မုသား လှလှလေးတွေ အောက်မှာ အဟုတ်မှတ်ပြီး မွေ့လျော်ခဲ့မိတယ် ပျော်ရွင်ခဲ့မိတယ် တကယ်တော့ ဒါတွေဟာ အစစ်မှမဟုတ်ခဲ့တာ.... ☆☆☆☆☆☆☆☆☆...