"ဟယ်လို....."
"အေ...အသွင်...ငါခြူး...."
"အမတော်...ခုမှဆက်ဖော်ရတယ်..."
"ဟဲဟဲ....မနက်ဖြန်...ကိုစစ်ပြန်လာမယ်တဲ့အဲ့တာသွားကြိုရအောင်...."
"ငါတောင်မသိလိုက်ရပါလား..."
"မနက်ကမှငါ့ကို ကိုဇေပြောလို့သိတာ..."
"နင်ကလဲ...ကိုဇေတဲ့....ဟား...ဟား..."
"လိုက်မလား...မလိုက်ဘူးလား..ဒါဘဲပြော..."
"လိုက်ပါမယ်အမရယ်...ကိုစစ်ကိုလဲမတွေ့တာကြာပြီ...ဒီတစ်ခါလူစုံတယ်မလား..."
"စုံတယ်....နင့်ရဲ့ကိုနှောင်းပါလားမပါလားတော့မသိဘူးကျန်တာအကုန်စုံတယ်..."
"ကိုနှောင်း...သူတော့သွားမှာပေါ့..သူ့သူငယ်ချင်းဘဲဟာကို..."
"အေ...အဲ့တာပြောတာမနက်ဖြန်လေဆိပ်မှာဆုံမယ် ...မသျှင်တော့ကိုစစ်နဲ့မြင်ယောင်သေးတယ်"
"အေ..မနက်ဖြန်မှတွေ့မယ်..."
ခြူးကကိုနှောင်းပြောမှသတိထားမိတယ်...ခြူးတို့အတွဲနှစ်တွဲချစ်သူတွေဖြစ်ပြီးကတည်းက ကိုနှောင်းနဲ့သာပိုသွားဖြစ်လာသည်။ကိုနှောင်းလဲ ကိုဇေနဲ့ကိုစစ်နဲ့သိမ့်မတွေ့တော့ဘူးထင်သည်။ဒီနောက်ပိုင်းအသွင်နဲ့ဘဲအသွားအလာများလာသည်။
ထို့နောက်အသွင်လဲ နှောင်းဆီဖုန်းဆက်လိုက်သည်။
"အင် အသွင်..."
"မနက်ဖြန်...ကိုစစ်ပြန်လာမယ်တဲ့...သိပြီးပြီလားကိုနှောင်း..."
"အင် သိတယ်လေ.."
အသွင်စိတ်ထင်လို့ဘဲလာ ကိုနှောင်းတစ်ယေညက်အသံကမကောင်းပေ။"အဲ့တာ..မနက်ဖြန်သွားကြိုမလို့...သွားမယ်မလား...လူတွေပြန်စုံကြမှာမနက်ဖြန်ကျရင်.."
"အသွင်ရော...သွားမှာလား.."
"သွားမှာ..ကိုနှောင်း..."
"အဲ့ဆို..ကိုယ်လာကြိုလိုက်မယ်..တူတူသွားမယ်လေ..."
"ဟုတ်...မနက်ဖြန်မှတွေ့မယ် ယောက်ဖ"
"ဖောက်လာပြန်ပြီရောဂါက...အနားမှာရှိရင်လုပ်လိုက်ရ.."
"ဟား...ဟာ....အနားမှာရှိရင်ပြောမလားယောက်ဖရာ...ဒါဘဲနော် ချစ်ယောက်ဖကြီး..."
YOU ARE READING
မုသားဖြင့်လှည့်စား၍
ChickLitမုသားဖြင့် လှည့်စားရက်သူ မင်းမို့လှည့်စားရက်တယ် ငါ့မှာတော့မင်းရဲ့ အပြုံး ချိုချို မုသား လှလှလေးတွေ အောက်မှာ အဟုတ်မှတ်ပြီး မွေ့လျော်ခဲ့မိတယ် ပျော်ရွင်ခဲ့မိတယ် တကယ်တော့ ဒါတွေဟာ အစစ်မှမဟုတ်ခဲ့တာ.... ☆☆☆☆☆☆☆☆☆...