Part 11

215 20 10
                                    

ဘာလိုလိုနဲ့ဒီနေ့ရောက်လာပြီ။အဆင်ပြေပါ့မလား။ပြေလောက်မှာပါလေ။အား....စိတ်ကယွစိယွစိနဲ့ကွာ..။

"သင်တဲ့အချိန်..တလွဲတွေမလုပ်မိပါစေနဲ့..ဟူး.."

အသွင်တစ်ယောက်တစ်ယောက်ထဲဂနာမငြိမ်ဖြစ်နေသည်။ဒီနေ့ ကိုနှောင်းသူ့ကိုကားမောင်းသင်ပေးမည့်နေ့ဖြစ်သည်။ထို့ကြောင့် တစ်ယောက်ထဲ သက်ပျင်းမောတွေချနေသည်။ထိုစဉ် အသွင်ဖုန်းသံကြား၍ကြည့်လိုက်ရာ ခြူးဆီကဖြစ်နေ၍ကိုင်လိုက်သည်။

"ဟယ်လို..ခြူး.."

"အေ အသွင် ညကနင်ဖုန်းဆက်တုန်းငါအိပ်ပျော်သွားလို့..ဘာပြောမလိုလဲ"

"ငါကိုကိုနှောင်းက ကားမောင်းသင်ပေးမလို့ အဲ့တာ နင်ကိုပါခေါ်မလို့..လိုက်ခဲ့ပါလား"

"ငါကလိုက်ပြီးဘာလုပ်ရမှာတုန်း..ပျင်းစရာကြီးဟယ်..မလိုက်တော့ဘူး"

"ခြူးကလဲ..လိုက်ခဲ့ပါဟ.."

"ဘယ်လိုဖြစ်လို့...အတင်းခေါ်နေတာတုန်း..နင်ကို ကိုနှောင်းက ကိုက်မစားဘူး"

"ကိုင်မစားတာနင်ပြောမှလား..နှစ်ယောက်ထဲမို့လိုခေါ်တာဟ"

"အယ်..နှစ်ယောက်ဖြစ်လဲဘာဖြစ်လို့လဲ..ရင်းနှီးနေတာဘဲလေနင်တို့က ပြီးတော့..."

"ကဲအမတော် မလိုက်လဲပြီးရော..မခေါ်တော့ဘူး"

ခြူးစကားမဆုံးလိုက်...အသွင်ကဖြတ်ပြောလိုက်သည်။

"ပြီးတာဘဲ..ကောင်းကောင်းသင်ခဲ့"

"အေပါ..."

"ဒါဘဲ...ဖုန်းချပြီ"

"အင်အင်"

ထို့နောက်ဖုန်းချလိုက်သည်။

"ခြူးတို့များ အရေးကြောင်းဆိုခေါ်လို့မရဘူး...ကိုနှောင်းအကြောင်းသူသိတာလဲမဟုတ်ဘူး ဟိုကစိတ်ကလက်တစ်ဆစ်လေး..ဟူး...သူပါတော့နည်းနည်းခံသာရအောင်ကို"

အသွင်တစ်ယောက်ထဲခြူးကိုမကျေနပ်တာရော ကိုနှောင်းသင်ပေးမည်ကြောင့် စိတ်လှုပ်ရှားနေတာရောပေါင်းပြီး တစ်ယောက်ထဲပွစိပွစိလုပ်နေသည်။ခဏကြာတော့ ဖုန်းသံကြား၍ ခြူး ပြန်ခေါ်တာထင်ပြီးcontact ကမကြည့်ဘဲကိုင်လိုက်သည်။

မုသားဖြင့်လှည့်စား၍Where stories live. Discover now