Part9

237 25 13
                                    


​နှောင်းနဲ့ အသွင်တို့ဇေဇေတို့ဆီပြန်လာခဲ့ကြသည်။လမ်းတွင်၌စကားမပြောဖြစ်ကြပေ။အသွင်လဲပြောဖို့ဝင်လေးနေသလိုနှောင်းလဲဘာပြောရမည်မသိ။ခုဏကအဖွားကကောင်မလေးနဲ့မှားပြီးပြောသောကြောင့် အသွင်စိတ်ထဲကလိကလိဖြစ်သည်။ရှက်လဲရှက်နေမိပြီး တစ်ယောက်နှင့်တစ်ယောက် မကြည့်ရဲပေ။နှောင်းကတော့ အသွင်ရှက်နေသည်ကိုသိသော်လဲဘာမှမပြော မသိသလိုသာလိုက်လာခဲ့သည်။ထို့နောက် ဇေဇေဆီပြန်ရောက်လာသည်။

"ပြန်တော့မှာလား...."

နှောင်းကမေးလိုက်သဖြင့်အားလုံးကခြူးကိုကြည့်လာကြသည်။ထို့နောက်ခြူူပြန်ျပြာလိုက်သည်။

"ဟုတ်ကိုနှောင်း...ပြန်တော့မှာ ....အသွင်ငါနင်နဲ့မလိုက်တော့ဘူးဝင်စရာလေးရှိသေးလို့"

"အင်..မွေးနေ့လက်ဆောင်ကိုတော့ပြီးမှနင်နဲ့သွားဝယ်မယ် လေးလေးလဲပေးတယ် နင့်ကို တူတူသွားဝယ်လိုက်တဲ့"

​" ဟီး.....သွားမယ့်နေ့ကိုငါဖုန်းကြိုက်ဆက်လိုက်မယ် "

ခြူးပြန်ပြောလိုက်သည်။အသွင်ခြူးကိုကြည့်တော့လက်မှာနာရီအသစ်လေးပတ်ထားသည်တွေ့ ၍ကိုဇေပေးတဲ့နာရီမှန်းသိလိုက်သည်။စိတ်ထဲ၌တော့ အခြူးတို့များချက်ချင်းတွေပတ်လို့ မကြိုက်လို့ဘဲ ကြိုက်များကြိုက်ရင်တော့။ထို့နောက် မသျှင်က

"ဇေဇေပေးထားတဲ့နာရီလားခြူး..ခြူးနဲ့လိုက်တယ်"

"ဟုတ် မမ ကိုဇေပေးတာ "

ထို့နောက်စစ်မင်းကဝင်ပြောလိုက်သည်။

"အဲ့နာရီပေးတာကို မေးတုန်းကမဖြေဘူး အဲ့ကောင်က"

စစ်မင်းကဇေဇေကိုပြောလိုက်သည်။ဇေဇေပြန်ပြောလိုက်သည်။

"ခုသိပြီမလား.."

အားလုံးရဲ့ရယ်သံများထွက်ပေါ်လာသည်။ထို့နောက်မသျှင်ကပြောလာသည်။

"ခြူးကဘယ်ဝင်မလို့လဲ..."

"city markဘက်မမ "

"အဲ့ဆို မမလဲလိုက်မယ် ဝယ်စရာလေးရှိလို့ ဇေဇေလဲငါတို့ကိုလိုက်ပို့ ...ခြူးကားမပါလာဘူးမလား..."

မုသားဖြင့်လှည့်စား၍Where stories live. Discover now