Maeကိုဆေးတိုက်ပြီး စာသင်ဖို့ motor cycleလေးစီးပြီး ကျူရှင်ကိုထွက်လာခဲ့တယ်။
နာရီကိုကြည့်တော့ နေ့လည်12 ကျူရှင်က 1နာရီမှစမှာမို့ အေးဆေးမောင်းပြီးလာနေချိန် သူ့ဆိုင်ကယ်ရှေ့ပြေးလာတဲ့ ကလေးတစ်ယောက် သူလည်းသတိရှိနေချိန်မို့
အချိန်မှီဘရိတ်အုတ်လိုက်နိုင်ပြီး ကံကောင်းလို့မတိုက်မိလိုက်ပေမယ့် ကလေးလေးကတော့လန့်ပြီးငိုသွားရှာတယ်။ကလေးကချော်ကျလို့ ပွန်းသွားတဲ့အနာလေးတွေ
ကြောင့်ရောလန့်သွားတဲ့အရှိန်ကြောင့်ရော ငိုသွားတော့သူလည်းလန့်ပြီး မုန့်ကျွေးဆေးဝယ်ပြီး အိမ်လိုက်ပို့ပေးလိုက်တယ်။ ကလေးအမေကလည်း ရုတ်တရက်ပြေးဝင်လာတဲ့
သူ့ကလေးကြောင့် အားနာပြီးတောင်းပန်ရှာတာမို့
ဘာမှကြီးကြီးမားမား မဖြစ်သွားခဲ့ပေ။သူကိုယ်တိုင်လည်းစိတ်ထဲဘာမှမဖြစ်သွားလို့တော်သေးသည်ကိုတွေးမိပြီး နာရီကြည့်ချိန် 12:35 ကျူရှင်နောက်ကျနေပြီ။ သူမြန်မြန်သွားမှဖြစ်မည်ဆိုကာ motor cycleကိုပုံမှန်ထက်အရှိန်တင်လိုက်ပြီး
အမြန်နှုန်းနဲ့လာခဲ့လေသည်။.......
ကျူရှင်ရောက်တော့ 12:45
တော်သေးသည်လို့သူတွေးမိလိုက်သည်
အတန်းထဲတွင်ကျောင်းသားအနည်းငယ်ရောက်နေပြီ
ဆိုသောကြောင့်သူဝမ်းသာသွားသည်။
စိတ်တွေလည်းလှုပ်ရှားနေသည်။
ဒီနေ့က တရုတ်စာသင်တန်းကျောင်းမှာ ပထမဆုံးသူ
စသင်ရမည့်ရက်ဖြစ်သောကြောင့် ကျူရှင်နောက်မကျအောင် အိမ်ကစောထွက်လာကာမှ လမ်းမှာကလေးလေးတစ်ယောက်နှင့် တိုက်မိမလိုဖြစ်ခဲ့ခြင်းကြောင့် နောက်ကျပြီဆိုပြီး စိတ်ပူမိသွားသေးသည်။........
အထက်တန်းနောက်ဆုံးနှစ်တက်ရင်း Maeရဲ့
ဆေးဖိုးကာမိအောင် သူရသောတရုတ်စာအား တရုတ်
ကျောင်းတခု၌ guideဆရာအနေဖြင့်ဝင်လုပ်ခဲ့ခြင်းပင်။ Uniတက်ရင်လည်း သူလိုအပ်တာလေးတွေ/လိုချင်တာလေးတွေကို Paနဲ့Maeကိုမပူဆာပဲသူ့ဘာသာဝယ်ချင်တာကြောင့်လည်းပါသည်။
YOU ARE READING
Only with You
Romanceအထက်တန်းနောက်ဆုံးနှစ်တက်ရင်း တရုတ်စာသင်တန်းကျောင်းမှာguideလုပ်တဲ့ကောင်လေးတစ်ယောက် စာသင်ရင်းကောင်လေးတစ်ယောက်ကိုချစ်မိသွားတဲ့အခါမှာ... မိသားစုစီးပွားရေး အဆင်ပြေသလောက် မိဘတွေဆီကဂရုစိုက်မခံရတဲ့ကောင်လေးဟာ သူ့ထံအဲ့ကောင်လေးရောက်လာတဲ့နေ့ကစပြီးဂရုစိုက်ခံလို...