only with you 2(unicode)

137 14 5
                                    

''ကျွန်တော်မတတ်ချင်တာကို Paတို့အတင်းထားတာလေ
အဲ့တာကိုကျွန်တော်မတက်တာကအပြစ်လား"

''မင်းကိုတက်စေချင်လို့ ပိုက်ဆံအကုန်ခံပြီးထားတာကွ...
မင်းမတက်ချင်လို့မရဘူး...''

''ကိုရယ်...တော်ပါတော့ သားမတက်ချင်တာကို ထားမိတာမွလား...နောက်ရက်မှသူ့ဘာသာတက်ချင်ရင်
သွားတက်လိမ့်မယ်...''

''မတက်ချင်တော့ရင်လည်း Maတို့ကိုပြော ပိုက္ဆံ
အကုန်ခံပြီးဆက်မထားတော့ဘူး သွားနားတော့''

စိတ်ပျက်ပျက်နှင့်Kinတစ်ယောက် အခန်းထဲရောက်
သည်နှင့် လွယ်အိတ်ကိုချကာ ကုတင်ပေါ်ပစ်လှဲလိုက်
သည်။

အမှန်မှာ Kinရဲ့Paကကျူရှင်ကိုသားတက်လား
မတက္လား ဆရာ့အားဖုန်းဆက်မေးလေ့ရှိကာ ဒီနေ့
လည်းKinမတက်တာကိုသိပြီး ကြာတော့ပေါက်ကွဲမိ
ခြင်းကြောင့် သူကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်သွား
သည်။ ဖုန်းဆက်မေးနေမိတာကလည်း သူ့အလွန်ဖြစ်သွားသည်လို့ Paခံစားသွားရတယ်။ အမွန္ဆို ဒါဆယ်ကျော်
သက်တွေရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပင် တော်စေချင်
လို့ထားမိလိုက်တာဆိုပေမယ့်လည်း သူအခုလောက်ထိ
မလုပ်သင့်ဘူးလို့ ပြန်စဉ်းစားမိနေသည်။

.......

Paနဲ့Maမွာ Fashionဆိုင်တဆိုင်ဖွင့်ထားသည့်အပြင် တခြားနာမည်ကြီးFashion ကုမ္ပဏီများ၌ ရှယ်ယာများလည်းဝင်ထားသည်။

အလုပ်များသောကြောင့် တဦးတည်းသောသားလေးကိုချစ်သော်လည်းအနားမှာအမြဲမရှိ လိုအပ်သည်ကိုသာ
လိုက်ဖြည့်ဆည်းပေးရသည်။ Kinကလည်းမိဘနားကိုမကပ်သောကြောင့် ယခုတရုတ်စာကိုလည်း Kinအား
မတိုင်ပင်ပဲ မိန်းမဖြစ်သူနှင့်သာတိုင်ပင်ပြီး
စီစဉ်လိုက်ခြင်းပင်။

.......

ကောင်လေးတစ်ယောက်က သူ့နဖူးအားစမ်းကာ အဆင်ပြေရဲ့လား ငါဘာလုပ်ပေးရမလဲ နေကောင်းရဲ့လား တခုခုလိုအပ်တာရှိရင်ငါ့ကိုပြောနော်လို့ ပါးစပ်ကတတွတ်တွတ်
ပြောနေတဲ့ ချစ်စရာကောင်လေးတစ်ယောက် သူ့ကိုလည်းအရမ်းဂရုစိုက်ကာ စိတ်ပူတဲ့အကြည့်တွေနဲ့ကြည့်နေပြီး သူ့လက်ကိုလည်းပန်းနုရောင်သန်းနေတဲ့လက်သေးသေးလေးတွေကကိုင်ထားသေးသည်။ Kinအိပ်ပျော်ခါနီး
မှာတင် Kinရဲ့ကျယ်ပြန့်သော နဖူးပေါ်သို့ နူးညံ့သော နှုတ်ခမ်းဖူးဖူးလေးတစုံမှ အနမ်းတခုကျရောက်လာပြီး မကြာမီKinအိပ်ပျော်သွားပြီး...

Only with YouWhere stories live. Discover now