Kinကိုစိတ်ဆိုးပြီး Kinနဲ့မတွေ့တာ တပတ်ကြာသွားပြီ
ဖြစ်သော်လည်း Kinကတော့အမြဲ စာပို့လိုက် ဖုန်းခေါ်
လိုက် အိမ်လာလိုက် သူကတော့ထွက်လည်းမတွေ့သလို ဖုန်းခေါ်တာလည်းမကိုင် စာပို့တာလည်းမပြန်ဖြစ်
ပါ...Maeကိုလည်း Kinလာရင် Phiမတွေ့ချင်ဘူးပြောထားတာကြောင့် Maeကလည်းဘာမှဝင်မပြော Kinကိုသာ နှစ်သိမ့်နေရသည်....ဆရာ့ကိုလည်း ခရီးသွားနေတာမို့ ကျူရှင်ခွင့်ယူမယ်ဆို
ပြီးပြောထားတာမို့ ဆရာကလည်း အဆင်ပြေတယ်လို့ဆိုတာကြောင့် ဆရာ့ကိုကျေးဇူးတင်မိသည်။..................
Flashback~~
အမှန်ဆို သူစိတ်မတိုသင့်ပေမယ့် သူအခုလိုလုပ်လိုက် လို့ Kinများအထင်လွဲသွားမလား သူသဝန်တိုနေမိတာလား သူကိုယ်တိုင်လည်းမသိတော့... ဝင်လာလာခြင်း မြင်
လိုက်ရတဲ့အဖြစ်အပျက်ကြောင့် ခေါင်းတွေထူပူပြီး ဘာမှမစဉ်းစားနိုင်ပဲ အခုလိုဆိုင်ထဲက မြန်မြန်ထွက်လာခြင်းပင်။ Kinအနောက်ကနေလိုက်လာပြီး ခေါ်သော်လည်း လှည့်မကြည့်ပဲ taxiကားငှါးပြီး အိမ်ကိုသာအမြန် ပြန်ခဲ့လိုက် သည်။ taxiပေါ်မှာကော အိမ်ရောက်တော့ကော ငိုနေတာကြောင့် Paကတလှည့်Maeကတလှည့် မေး
သော်လည်း Phiဘာမှမဖြေချင်...ဖြေစရာအဖြေလည်း Phi ခေါင်းထဲမှာမရှိ...Linကိုမခေါ်ချင်ဘူးပြောပြီး သူမရှိတုန်း Linနဲ့ အခုလို လူမြင်ကွင်းတောင်မရှောင် နမ်းနေတာကိုမြင်လိုက်ရတော့ တွေးလိုက်တိုင်း ရင်ကတဆစ်
ဆစ်နာရသည်။.................
တပတ်လုံးအိမ်ထဲမှာနေပြီး သူစဉ်းစားပြီးရင်း စဉ်းစားမိသည်။ သူကိုယ်တိုင်မသိလိုက်ခင်မှာပဲ Kinကိုချစ်မှန်းမသိ
ချစ်နေမိပြီ ဒါမယ့်ဖြစ်နိုင်ပါ့မလား Kinကကော သူ့ကို
ချစ်ပါ့မလား သူကြိုက်တာKinသိသွားရင်ကော လက်ခံ
နိုင်ပါ့မလား Paနဲ့Maeသိသွားရင် သူ့အစားမျက်နှာ
ငယ်နေရမလား သူစိတ်တွေထွေပြားနေသည်။ ဘာလုပ် လို့ဘာကိုင်ရမလဲမသိ Maeကတော့Phiအကြောင်းသိတာမို့ စိတ်ညစ်စရာ ရင်ဖွင့်စရာရှိရင် Maeတို့နား
ထောင်ပေးဖို့ အဆင်သင့်ပဲလို့ပြောနေပေမယ့် သူ့
ဘက်ကပြောဖို့အဆင်သင့်မဖြစ်သေးဘူး...Kinကိုလည်းသူ့ဘက်က ချစ်နေကြောင်းဖွင့်ပြောဖို့ အဆင်သင့်မဖြစ်
သေး Kinသာလက်မခံရင် အခုလိုသူငယ်ချင်း အခြေ
အနေကတောင်ဆက်ဆံဖို့ဝေးသွားရတော့မှာ...သူဒါမျိုး
မဖြစ်ချင်...ခက်ခက်ခဲခဲ စဉ်းစားပြီးမှဆုံးဖြတ်ချက်တခုကိုချလိုက်ပြီး...
YOU ARE READING
Only with You
Romanceအထက်တန်းနောက်ဆုံးနှစ်တက်ရင်း တရုတ်စာသင်တန်းကျောင်းမှာguideလုပ်တဲ့ကောင်လေးတစ်ယောက် စာသင်ရင်းကောင်လေးတစ်ယောက်ကိုချစ်မိသွားတဲ့အခါမှာ... မိသားစုစီးပွားရေး အဆင်ပြေသလောက် မိဘတွေဆီကဂရုစိုက်မခံရတဲ့ကောင်လေးဟာ သူ့ထံအဲ့ကောင်လေးရောက်လာတဲ့နေ့ကစပြီးဂရုစိုက်ခံလို...