ပြာလဲ့နေတဲ့ကောင်းကင်ရယ် စိမ်းဆိုပြီးကြည့်လင်နေတဲ့ ရေပြင်ရယ် သူ့ဘေးကကောင်လေးရယ်...လေအေးလေးတွေအနည်းငယ်တိုက်ခတ်နေတာမို့ အနီးနားက အုန်းပင်နဲ့ အပင်တချို့ကယိမ်းနွဲ့လျက်...
Hotelကြီးကလည်း တခမ်းတနားနဲ့ တကယ်ကို Phuketမြို့ရဲ့ အလှဆုံးHotelဆိုတဲ့နာမည်ကဒီတိုင်းရထားတာမဟုတ်မှန်း မြင်ရုံနဲ့သိနိုင်တယ်...
Phi...''တကယ်နေလို့ကောင်းတာပဲနော်P'Kin ရှုခင်းလည်းတော်တော်လှတယ်''
Kin...''အင်း...နေလို့ကောင်းတာလည်းမှန်တယ် ရှုခင်းလှတာလည်းမှန်တယ် ဒါမယ့်...ကိုယ့်ကောင်လေးကပိုလှတယ် သိလား''
Phi...''အမယ်...P'Kinနော် လာမစနဲ့ ဒီကအတည်ပြောတာကို''
Kin...''ကိုယ်ကလည်းအတည်ပြောတာပါ တကယ်လှလို့''
Phi...''Phiကနဂိုထဲကလှတာပါနော်...555''
Kin...''ဒါပေါ့ အာ့ကြောင့်လည်း ကိုယ့်ရဲ့အလှလေးကို
စိတ်မချဖြစ်နေရတာ''Phi...''ပိုပြီP'Kinကတော့...''
Kin...''တကယ်ပါဆို မယုံဘူးလား...ယုံအောင်သက်သေပြလိုက်ရမလားအလှလေးခင်ဗျ''
Phi...''ဘာလဲ...မစနဲ့တော့နော်''
Kin...''မစပါဘူး...မယုံလို့ယုံအောင်သက်သေပြချင်တာပါဆို''
Phi...''ဒီလောက်လူတွေများနေတာကို မရှက်ဘူးလားဟမ် အခန်းထဲတောင်မရောက်သေးဘူး''
Kin...''အခန်းထဲရောက်ရင်ကော ရလား''
Phi...''မ ရ ဘူး 😛''
Kin...''တွေ့မယ် ကြည့်နေ''
Phi...''လာပါ စကားကိုများတယ်''
Kin...''ဟွန့် လာပါပြီ''
...''Sawadee kha ဘာများကူညီပေးရမလဲရှင့်''
Phi...''Billkin Putthipong နာမည်နဲ့အခန်း ဘိုကင်ထားတယ်ခင်ဗျ''
...''ဟုတ်ကဲ့ရှင့် နာမည်လေးစစ်ကြည့်ပေးမယ်နော်''
Phi...''ဟုတ်ကဲ့ခင်ဗျ''
...''ဟုတ်ကဲ့ ရှိတယ်နော် အခန်း(308)ပါ ဒီမှာသော့ပါရှင့်''
Phi...''ဟုတ် ကျေးဇူးပါခင်ဗျ...Kinသွားမယ် ဒီမှာ
သော့ရပြီ''Phi counterမှာသော့ သွားယူနေတုန်း အပြင်မှာ
ရှုခင်းခနသွားကြည့်နေတဲ့ Kinကိုလှမ်းခေါ်လိုက်သည်။
YOU ARE READING
Only with You
Romanceအထက်တန်းနောက်ဆုံးနှစ်တက်ရင်း တရုတ်စာသင်တန်းကျောင်းမှာguideလုပ်တဲ့ကောင်လေးတစ်ယောက် စာသင်ရင်းကောင်လေးတစ်ယောက်ကိုချစ်မိသွားတဲ့အခါမှာ... မိသားစုစီးပွားရေး အဆင်ပြေသလောက် မိဘတွေဆီကဂရုစိုက်မခံရတဲ့ကောင်လေးဟာ သူ့ထံအဲ့ကောင်လေးရောက်လာတဲ့နေ့ကစပြီးဂရုစိုက်ခံလို...