Part ~ 3

87 10 0
                                    

အကူအညီတောင်းတဲ့အလုပ်ကိုလက်ခံပြီးနောက်တစ်ရက်မှာပဲ ချက်ချင်းအလုပ်လုပ်ဖို့အိမ်ကိုတန်းသွားခဲ့ရတယ် ဆုံးဖြတ်ချက်ချပြီးတာနဲ့တစ်ပြိုင်နက် အဝတ်အစားအထုတ်အပိုးပြင်ဆင်ပြီး ဘယ်သူ့ကိုမှနှုတ်ဆက်ချိန်မရပဲ လိုက်လာခဲ့ရသည်။တစ်နာရီကျော်ကားစီးပြီးသည့်တိုင်အောင် အလုပ်လုပ်ရမည့်အိမ်ကိုမရောက်နိုင်သေးတာကြောင့် ပျင်းပျင်းနဲ့ကားပေါ်တွင်အိပ်ပျော်သွားလေသည်။

အချိန်တစ်ခုအကြာကားစီးပြီးသည့်နောက်တွင် Jiyong အလုပ်လုပ်ရမည့်အိမ်ကိုရောက်ရှိလာပြီဖြစ်သည်။ ခြံဝန်းအကျယ်ကြီး၏အလယ်တွင်ရှိနေသော အသင့်အတင့်တိုက်လေးတစ်လုံး ခြံထဲတွင် မည့်သည်အပင်မျှမရှိပဲ ရှင်းလင်းနေသည်။ တစ်အိမ်လုံးကိုအပြာရောင်သုတ်ထားသောအိမ်လေးသည် အမြင်နဲ့တင်အလွန်အထီးကျန်စရာကောင်းနေလေသည်။

" ညီလေး ညီလေး ထတော့ ထတော့ ”

" ဟင် အင်း~~~ ရောက်ပြီလား ”

" ရောက်ပြီ ထတော့ မျက်နှာကိုတစ်သျူးနဲ့သုတ်လိုက်ဦး ပါးမှာလဲ သွားရည်တွေနဲ့ ”

" ဟာဗျာ အဲ့လိုကြီးဒဲ့ပြောတော့ရှက်တာပေါ့ မျက်နှာသုတ်လို့ပြောရင်လဲရပါတယ် ”

သွားရည်တွေကျပြီး တခေါခေါအိပ်ပြီးပါလာတဲ့ကောင်လေးတစ်ယောက်ရှက်သွားသည်မှာ တစ်သျူးများပြဲထွက်သည်အထိကို သုတ်နေသည့်တိုင်အောင်ပင် ခြံဝန်းထဲတွင် ကားကိုရပ်ကာ Jiyong အထုတ်အပိုးများကို အိမ်ထဲထိသယ်သွားပေးပြီး ဧည့်ခန်းမှာထိုင်စောင့်ခိုင်းကာ ထိုသူကား အိမ်၏အပေါ်ထပ်သို့တက်သွားလေသည်။ အိမ်ကနှစ်ထပ်အိမ်ဆိုပေမယ့် လှေကားအပြင် ဓာတ်လှေကားပါရှိနေလေသည်။ထိုအချက်သည် Jiyong ရဲ့စပ်စုချင်စိတ်ကို ပို၍လှုံ့ဆော်ပေးသလိုဖြစ်နေလေသည်။ ၁၅မိနစ်လောက်အကြာတွင် သူ့ကိုလာခေါ်သောလူက ဝှီးချဲကိုတွန်းကာ ဧည့်ခန်းသို့ရောက်လာသည်။

" ဆရာ ဒါက မမလေးDara ပြောထားတဲ့ကောင်လေးပါ ဆရာအတွက်သီးသန့်ခေါ်ထားပေးတာမို့လို့ ဆရာစိတ်ကြိုက်ခိုင်းနိုင်ပါတယ် ”

" ကောင်းပြီ မင်းသွားလို့ရပါပြီ ”

" ဟုတ်ကဲ့ဆရာ လိုအပ်တာရှိရင် ဖုန်းဆက်လိုက်ပါ”

မငြိုငြင်ရက်ဘူး Where stories live. Discover now