နေ့ကိုရက်စား ရက်ကိုလစား လကိုနှစ်စားနဲ့ အချိန်တွေကုန်လာလိုက်တာ ကောင်လေးနဲ့မတွေ့ရတာ သုံးနှစ်တောင်ရှိသွားပြီပဲ Dara နဲ့ကွာရှင်းဖို့ကိစ္စတွေအပြီးသတ်လုပ်ဆောင်ရင်းနဲ့ ကုမ္ပဏီ ကိုလဲ ပစ်ထားလို့မရတဲ့အခြေအနေကြောင့် ကျွန်တော်ခြေထောက်တွေပြန်ကောင်းနေပြီဆိုတာ တရားဝင်အသိပေးပြီး ကုမ္ပဏီ ကိုပြန်လည်ဦးစီးတော့ နိုင်ငံခြားခရီးစဉ်တွေသွားလိုက် ဘာမှမရှိတော့ကုမ္ပဏီကို ပြန်ပြီးအဖတ်ဆယ်နေရတာနဲ့မအားလပ်တာကြောင့် ကောင်လေးဆီကို မသွားဖြစ်ပဲ ကိစ္စတွေကို အမြန်ဆုံးအပြီးသတ်နေတာ အားလုံးနေရာတကျဖြစ်မှ သွားလဲနောက်မကျပါဘူးလို့ တွေးတာလဲပါတယ်။
ဒေါက် ~ ဒေါက် ~ ဒေါက်
"ဝင်ခဲ့ပါ ”
" အလုပ်များနေလား Ri ”
" မများပါဘူး ဒါနဲ့နင်ကလာမယ်ဆိုတာ ဖုန်းလဲကြိုမဆက်ဘူး ငါအစည်းအဝေးလုပ်နေချိန်ဆိုရင် တွေ့လိုက်ရမှာတောင်မဟုတ်ဘူး ”
" လမ်းကြုံလို့ခဏဝင်လာတာ ပြီးတော့ နင့်ကိုအသိပေးရမယ်ထင်လို့ ”
" အင်း ပြောလေ ”
" Jiyong ငါ့ဆိုင်မှာစားပွဲထိုးလုပ်နေတယ် ”
"ဘာ!!!!!!!!! ကောင်လေးကဘယ်လိုလုပ်.......”
" ငါလဲ မန်နေဂျာပြောမှသိရတာ ငါ့ဆိုင်မှန်းလဲ သိပုံမရဘူး အလုပ်အရေးတကြီးလိုတယ်ဆိုလို့ အချိန်ပိုင်းဝင်လုပ်နေတာတဲ့ ပြီးတော့ Jiyong အဖေဆုံးသွားပြီတဲ့ ”
" ဘယ်လို ငါမသိလိုက်တဲ့အချိန်ကာလမှာ ဘာတွေဖြစ်ကုန်တာလဲ ကောင်လေးရော သူအဆင်ပြေရဲ့လား ငါသူနဲ့တွေ့ချင်လိုက်တာ သူအခုဆိုင်မှာမလား ငါသွားလိုက်မယ် ”
" နေဦး Ri ငါ့စကားကိုဆုံးအောင်နားထောင်ပြီးမှ နင်သွားသင့်မသွားသင့် ဆုံးဖြတ်ပါ။ Jiyong က အခုချိန်မှာနင့်ကိုတွေ့ချင်နေမှာမဟုတ်ဘူး ”
" ဘာလို့လဲ ငါ့ကိုပြောစမ်းပါ ငါရင်တွေပူလာပြီ ”
" ဒီလိုဟာ နင်အလုပ်ကိုပြန်ဦးစီးပြီး တစ်နှစ်အကြာမှာ ပစ္စည်းတွေ ခိုးထုတ်ရောင်းတယ်ဆိုပြီး လုံခြုံရေးဦးလေးကြီး ကို အရေးယူလိုက်တယ်မလား ”