ရာသီဥတုက အရင်နေ့တွေ အရင်လတွေ အရင်နှစ်တွေကထက် ပိုပြီးကောင်းမွန်နေတယ်။ စိတ်ထဲမှာလဲ အရမ်းကိုလန်းဆန်းပြီးနေလို့ကောင်းနေတယ်။ စိတ်သစ်လူသစ်နဲ့နိုးထရသလိုကို ခံစားနေရတယ်။
" အန်တီလီ မနက်စာစားတော့မယ် ”
" သခင်လေးနောက်နေတာလား သခင်လေးမနက်စာမစားတာ နှစ်နဲ့တောင်ချီနေပြီလေ ”
" အဲ့တော့ဘာဖြစ်လဲ ကျွန်တော်ကအခုမနက်စာ မစားရတော့ဘူးလား ”
" အဲ့လိုသဘောမျိုးမဟုတ်ပါဘူး သခင်လေးရယ်”
" ကဲပါ အဲ့သဘော ဟုတ်တာ မဟုတ်တာတွေ ဘေးကိုဖယ်ထား အခုကျွန်တော့်အတွက် အရသာအရှိဆုံး မနက်စာပြင်ဆင်ပေးပါ။ ထမင်းပဲစားမှာနော် ”
" ဟုတ်ကဲ့ ခဏလေးပဲစောင့်ပါ သခင်လေး ”
Jiyong ပြင်ဆင်ပေးခဲ့တဲ့ မနက်စာကိုစားပြီး နောက်ရက်တွေကစပြီး မနေ့ကမနက်အထိ မနက်စာကိုလုံးဝမစားတော့တဲ့အထိဖြစ်သွားခဲ့တယ်။ ဒီနေ့ဟာသူ့အတွက်အထူးခြားဆုံးနေ့လေးဖြစ်တဲ့အတွက် မိသားစုမနက်စာကို အန်တီလီနဲ့အတူ စားဖို့ဆုံးဖြတ်လိုက်တယ်။
မနက်စာကိုအပြေးအလွှားကို ပြင်ဆင်ပေးပြီးနောက် မနက်စာစားဖို့ သူ့ကိုပါတစ်ပါတည်းခေါ်နေတာကြောင့် အန်တီလီခမျာအံ့သြပြီးရင်း အံ့သြနေရသောပါပဲ။ သခင်လေးထူးခြားနေတာကို သိနေပေမယ့်လဲ ဘာတစ်ခုမှမမေးရဲတာကြောင့် မနက်စာပဲ အတူဝင်စားလိုက်တယ်။ Jiyong လေးထွက်သွားပြီးတဲ့နောက်မှာ အနေပြန်တည်သွားတဲ့ သခင်လေးက ဒီနေ့မှာတော့ Jiyong လေးရှိနေတုန်းကလို လန်းဆန်းနေတာကို တွေ့ရတော့ Jiyong လေးနဲ့ပြန်ပြီး အဆက်အသွယ်ရနေတာလားဆိုပြီးသံသယတော့ဝင်မိသည်။
မနက်စာစားပြီးတော့ ကုမ္ပဏီ ကိုမသွားပဲ Dara ရုံးကိုပဲထွက်လာလိုက်တယ် ဆိုင်နဲ့ Dara ရုံးက သိပ်မဝေးတာကြောင့် နေ့ခင်းပိုင်းလောက်ထိအဲ့မှာပဲနေပြီး ဆိုင်ကိုသွားဖို့ဆုံးဖြတ်လိုက်သည်။
" အမေ သားဆိုင်သွားတော့မယ် Bobby နဲ့ကောင်းကောင်းနေခဲ့နော် သူ့ပြောစကားကိုနားထောင်နော် လိလိမ္မာမ္မာနေရင် ပြန်လာတဲ့အခါကျ ရေခဲမုန့်ဝယ်ခဲ့မယ် သွားတော့မယ်နော် ”