သုံးယောက်ဆုံပြီး ခံစားချက်တွေဖွင့်ချပြီးတဲ့နောက်မှာတော့အရာအားလုံးက ပုံပှန်အတိုင်းပဲ လည်ပတ်နေတယ် တစ်ခုပဲ ကောင်လေးနဲ့သူရဲ့ ဆက်ဆံရေးသာ အရင်လိုပုံမှန်မလည်ပတ်တော့တာပဲရှိတယ်
ကောင်လေးက သူ့ကိုရှောင်နေတာမျိုးတော့မရှိဘူး ဒါပေမယ့် မလိုအပ်ပဲစကားမပြောဖြစ်ကြတော့ဘူး ခိုင်းစရာရှိတဲ့ကိစ္စကလွဲပြီး မတွေ့ဖြစ်ကြဘူး ဒါပေမယ့် ကျွန်တော်အသည်းကွဲနေတယ်လို့ ခံစားမနေရဘူး ဘာလို့လဲဆိုတော့ ကောင်လေးကအခုထိ အနားမှာရှိနေတယ် အဲ့အချက်နဲ့တင် အရာအားလုံး ကျေနပ်လို့ရတယ်
" အန်တီလီ ကောင်လေးရော ”
" Jiyong ဈေးသွားတယ်သခင်လေး ဘာခိုင်းစရာရှိလို့လဲ ဘာလုပ်ပေးရမလဲ ”
" ဘာမှမရှိပါဘူး ဈေးသွားမယ်ဆိုတာ ပြောမထားလို့လေ အဲ့တာကြောင့်မတွေ့လို့မမေးမိတာ ”
" သူ့သူငယ်ချင်းလာလို့ သွားတွေ့မယ်ဆိုပြီး ခွင့်တောင်းသွားတယ် ဆရာ့ကိုတော့ အန်တီပဲပြောပေးပါဆိုပြီးမှာသွားတယ် နောက်မကျစေရဘူးလို့လဲ ပြောသွားသေးတယ် ”
ပုံမှန်မဖြစ်တော့တဲ့အရာထဲမှာ ကောင်လေးရဲ့အခေါ်အဝေါ်လဲပါတယ် အစ်ကိုဆိုတဲ့အသံလေးအစား ဆရာဆိုတဲ့အသံကိုပဲ မကြားချင်လောက်အောင် ကြားနေရတာမျိုးပေါ့
Jiyong စိတ်တွေအရမ်းရှုပ်နေခဲ့တယ် လောလောလတ်လတ် ကွဲထားတဲ့အသည်းကို ပြန်ဆက်ဖို့ကော်လဲမရှိဘူး မြတ်နိုးရာလေးနဲ့ ချက်ချင်းကြီးမခွဲနိုင်လို့ စာချုပ်ပြည့်တဲ့အထိနေမယ်လို့ ပြောပေမယ့် အစ်ကို့ကိုတွေ့ရင်ပြေးဖက်ချင်စိတ်တွေ အရမ်းလွမ်းနေတဲ့အကြောင်းတွေ ရင်ဘတ်ထဲကအရမ်းနာနေတယ်ဆိုတဲ့အကြောင်းတွေ အစ်ကိုသူ့ကို ကြည့်နေရင်စိတ်မထိန်းလောက်အောင် ရူးသွပ်ချင်တဲ့စိတ်တွေ အဲ့စိတ်တွေကိုထိန်းချုပ်ရတာ အသည်းကွဲတာထက်ပိုလို့ဆိုးနေတယ်။
တစ်ယောက်ယောက်နဲ့တွေ့ဖို့ လိုအပ်လာတယ် ခံစားချက်တွေကိုတစ်ယောက်ယောက်ဆီမှာ ဖွင့်ဟဝန်ခံဖို့ လိုအပ်လာတဲ့အခါ Bobby ကိုပဲ သတိရမိတယ် ဖုန်းထဲမှာပြောပြထားလို့ သိသင့်သလောက်သိနေတဲ့ Bobby က လှမ်းခေါ်တဲ့အခါမှာလဲ ချက်ချင်းလာပေးတယ် အခုတော့ သူနဲ့တွေ့ဖို့ ဆိုင်တစ်ဆိုင်ကိုရောက်နေတယ် သူကတော့ နောက်၁၅မိနစ်ဆိုရင်ရောက်မယ်ဆိုတဲ့ message လေးတစ်စောင် ပို့ထားတယ်။