အပိုင်း (၉)

304 30 8
                                    

"အားလုံး ကားစထွက်မယ်နော် စကားသံတေ တိတ်ကြပါ "

ဆရာမစောရဲ့ နှိုးဆော်သံပေါ့

အိပ်ရာက နိုးနိုးချင်း အိမ်ပြန်ရတော့မယ်ဆိုတာနဲ့ ကျောင်းသားတေ အကုန်လုံး ကိုယ့်ပါတနာနဲ့ အထုပ်အပိုးကိုယ်စီနဲ့ပေါ့ ကျမတို့ နှစ်ယောက်ရောပေါ့
ခရီးအပြန်တော့ အတန်းခွဲထိုင်ရမယ်ပြောတယ်
ပါတနာနဲ့ ထိုင်စရာမလိုတော့ဖူးတဲ့လေ
ရင်ထဲ နဲနဲတော့ ဟာသွားတယ် အခုမှ ကျမတို့အတွဲက ပူပူနွေးနွေးရယ် လွမ်းရဦးမယ်မလားဟူး
သူကတော့ ကျမကိုတောင် မနှုတ်ဆက်ပဲ ဘာမှ မဖြစ်တဲ့အတိုင်း သူ့သူငယ်ချင်းတေနဲ့ စကားပြောပြီးထွက်သွားတယ်လေ
ကျမ ဘဝတစ်လျှောက် ဒီလို လွယ်လွယ်မချစ်ဖူးဘူး သူနဲကျမှ ကျရှုံးသွားပြီ သူ့ကို ချစ်နေမိပြီ
သူမဲ့ကျမှပဲ ကိုယ်အရင်က သူများကို ချေလာသမျှ အချေခံရသလို ခံစားနေရတယ် ဒီနေ့ မနက်ကတည်းကပေါ့ နှုတ်တောင် မနှုတ်ဆက်သွားဖူးလေ ငကုရီးဆိုးချက်နော်

"ကယ် ကျောင်းရောက်ပါပြီ ဒီည‌တော့ ကျောင်းက အဆောင်တေမှာပဲ အိပ်ကြမယ် ကလေးတို့ ခရီးက ပြန်လာတော့ ပင်ပန်းနေလောက်ပြီ ကိုယ့်အတန်းနဲ့ကိုယ် ဆရာမတို့ မိန်းကလေး ယောက်ကျားလေး အခန်းခွဲပေးထားတယ်နော် "

ကျမ သူနဲ့ ခွဲပြီးကားစီးကတည်းက ရင်ထဲဟာနေတာ ကျမဘေးနားက ကင်ယူနာတို့ အဖွဲ့ကိုတောင် စကားမပြောနိုင်ပါ
ယူနာကတော့ ဘာဖြစ်နေတာလဲလို့တော့ မေးပါတယ်
အဆင်ပြေပါတယ်က လွဲပြီး ဘာမှမပြောခဲ့ဖူး
တစ်ယောက်တည်း တွေးရင်းဆွေးနေတာပေါ့
အခု‌တော့ ကျောင်းရောက်ပြီလေ သူကားပေါ်က ဆင်းလာတာ ကျမ မြင်လိုက်တယ်လေ
ကျမလဲ အမြန်လိုက်ဆင်းပြီး သူ့နားအမှီလိုက်တော့ သူပြောသည်က
"ကိုယ်စိတ်ညစ်နေလို့ တစ်ယောက်တည်းနေပါရစေတဲ့လေ"

ကျမလဲ "ဟုတ်ကဲ့" ဆိုတဲ့တစ်လုံးပဲ ပြောပြီး ကျမချစ်ရသူရဲ့ ပါးနုနုလေးကိ မမှီတမှီ နစ်ဝင်အောင် နမ်းလိုက်တယ်လေ
သူ့ဘေးနားက သူငယ်ချင်းတေကတော့
" မင်းကတော့ စွံတယ်ကွာ အများရီးပဲနော်တဲ့ "
ကျမ နည်းနည်းကြောင်သွားတယ် ဒါပေမဲ့ သူက သွားတော့ ဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်လေ အဲ့တာနဲ့ပဲ ကျမ ထွက်လာပြီး ကိုယ့်အခန်းကိုယ်ပြန်လာခဲ့လိုက်တယ်

အဖက်မလုပ်သလိုရီးခံစားလိုက်ရသလို ဖြစ်သွားတယ် ကို့ ကိုတောင် မောင်းထုတ်တယ်လေ
သူက အရမ်းချောပြီး ခန့်တာ မိန်းကလေးတေ ဝိုင်းဝိုင်းလည်နေမှာ သိပ်ကိုသိပါတယ်
ဒါမဲ့ သူ့ကိုပဲ လိုချင်တယ် ဒါမဲ့ ကို့ရဲ့မာနကိုတော့ အထိမခံနိုင်ဖူး မှတ်လောက်သားလောက်အောင် ချေပြဦးမယ်

"ဟဲ့ ကောင်မ ဘာတေ တွေးနေတာ မနက်ထဲက နေမကောင်းသလိုပဲ ဒါက နင်နဲ့ ငကုနဲ့က ဘယ်လောက်ထိဖြစ်နေပြီလဲ"

စပ်စုမ ယူနာ စမေးပြီလေ

"ဘာမှမဖြစ်ပါဖူးဟာ ငါနေလို့သိပ်မကောင်းလို့ပါဟ
ငါ့ကို နောက်နေ့ကြမှ မေးပါဟာ ငါအိပ်တော့မယ်

Yuna Mind...ဒီဂျင်းနီမှ ဒီလု မဖြစ်ဖူးပါဘူး
ငကုနဲ့တော့ မဖြစ်စေချင်ဖူး သူက သိပ်ရှုပ်တာ
နင်ခံစားရမှာ ငါမနက်ကြမှ သေချာမေးပြီး သူ့အကြောင်းပြောပြရမယ်

"အေး အေး ဂရုစိုက်
ကောင်းကောင်းအိပ် ငါဖက်ထားပေးမယ်လာ"

ချစ်ရတဲ့ သူငယ်ချင်းရင်ခွင်ထဲ ဝင်ပြီး စိတ်ညစ်စရာတေ မတွေးပဲ အိပ်ချလိုက်တာပေါ့

......................................

နေရောင်ထွက်စ ပြုလာပြီ အရမ်းလှတဲ့ နေရောင်လေးပေါ့ နိုးနိုးချင်းပဲ သူ့ကို သတိရတော့တာပဲ သူတို့ ယောက်ကျားလေး အခန်းနဲ့ ကိုယ့်အခန်းနဲ့ကျ မျက်နှာချင်းဆိုင် အခန်းပေမဲ့ ကြားမှ အကွာအဝေးတော့ ခြားတယ်လေ
ကျမ ဘေးက ကွေးကွေးလေး အိပ်နေတဲ့ ယူနာကတော့ မနိုးသေးဖူးလေ အခန်းထဲက လူတေရောပဲပေါ့ ဘယ်နိုးမလဲ အရမ်းစောနေတာကို အခုမှ ၅နာရီထိုးတဲ့လေ
လေကာင်းလေသန့် ရှုရင်း သူ့အခန်းလေးကို မျှော်ကြည့်တာပေါ့ လွမ်းနေတာကို မျက်နှာပဲ ဖြစ်ဖြစ်မြင်ရရင် သိပ်ကောင်းမှာပဲ ဆိုပြီး သွားစပ်စုကြည့်မလို့လုပ်တုန်း အိမ်သာနားက အသံတစ်သံကြားတယ်လေ အုတ်နံရံကို အပြင်းအထန် ထိသလိုမျိုး

သရဲလားဆိုပြီး စပ်စုချင်စိတ်ကလည်း ထိန်းမရ
ခြေထောက်လေးကို ကွတ ကွတ ခြေသံ မမြည်အောင် လျှောက်ရင်း အိမ်သာနားကို ခိုးချောင်းတာပေါ့

ဘယ်ဟုတ်မလဲ အတွဲတစ်တွဲလေ သေချာကြည့်တော့မှ ကိုယ့်ကို အမြဲ အကန်တေပြောပြီး ကြည့်မရတဲ့ ကင်ဝူနီ ဖြစ်နေပါရော
အဲ့ကောင်မလဲ အရှက်မရှိလို့ တွေးရင်း ချောင်းရတာ အမြင်ကပ်လာတော့ ကိုယ့်အခန်း ကိုယ်ပြန်လာမလို့အလုပ်

လျှက်တစ်ပြတ်မြင်လိုက်တဲ့ မျက်နှာက

ဂျောင်းဂု.....

International playboy fall in loveWhere stories live. Discover now