အပိုင်း (၆)

360 36 0
                                    

ကျောင်းသားအားလုံး ကိုယ့်ပါတနာနဲ့ကို
ဟိုတယ် ကောင်တာကနေ သော့တစ်တွဲယူပြီး ဆိုင်ရာ အခန်းဆီသို့

"ကလေး သော့ဖွင့်ပြီး ဝင်နှင့်နော်
Oppaသွားစရာရှိလို့"

"အင်း မြန်မြန်သွား
အယ် မှားလို့ သွား သွား ပြောတာ"

စိတ်ထဲက လာတဲ့ စကားကို မှားထွက်မိသွားတော့ သူမလေး ပါးတေနီရဲ ရှက်ကိုးရှက်ကန်းနဲ့ လစ်ပါလေရော
ဂျောင်းဂုတစ်ယောက်မှာတော့ အသည်းယားလို့
ကြည့်လို့မဆုံး ငေးနေဆဲ
သူသတိပြန်ဝင်လာပြီး
သူမလေးအတွက် မနက်စာ စားဖို့မုန့်တေသွားဝယ်ပါလေရော

တစ်ဖက်မှာတော့
ဘယ်သူနဲ့သွားတွေ့တာလဲမသိဖူး သူ့မှာ ရည်းစားတေပါတေများရှိနေလားမသိဖူး
ဟဲ့ ဂျင်းနီမ နင်သူ့ကို စိတ်ဝင်စားသွားတာလား
ပြန်ထိန်းစမ်း သမာဓိအားတေ
ဂျင်းနီတစ်ယောက် ကိုယ့်စိတ်ကိုယ်ပြန်ထိန်းပြီး
မျက်နှာသစ် သွားတိုက် ကိုယ်လက်သန့်စင်
ရေးချိုးပြီး အခန်းထဲမှ အထွက်

*ကလင် ကလင်*
တံခါးဘဲတီး သံပင်
သူမ‌လေးကတော့ ‌ရေချိုးပြီး ခြုံတဲ့သဘက်ကြီးကို အမြန်ချည်ပြီး တံခါးဖွင့်ပေးတော့ တစ်ခြားသူမဟုတ်
ဂျောင်းဂုဆိုသူပင်
ဂျင်းနီကတော့ သူ့ကို မြင်မြင်ချင်း တစ်စုံတစ်ရာကနေ အကြည့်မခွာခဲ့ ထိုအရာကတော့ မုန့်ထုပ်များပင်
ဂျောင်းဂုမှာတော့

ငါတော့ တစ်နေ့တစ်ခြားပိုပိုချစ်မိနေတာပဲ
သဘက်ဝတ်ပြီး ချည်ထားတော့ အတွင်းခံမပါတဲ့ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ သူမလေးနဲ့ ဖြူနုဝင်းမွတ်နေတဲ့ ခြေတံ နဲ့ သဘက်မဖုံးထားတဲ့ နေရာများကလည်း သူ့ကို ဆွဲဆောင်နေတော့ သူ့အကြည့်များ သူမလေးဆီမှ မခွာ
နောက်သူ ကိုယ့်ကိုကိုယ် ပြန်ထိမ်းပြီး

"ဟေ့   ဒီတိုင်းရီး မုန့်ထုပ်ကြီးပဲငေးနေမှာလား အိမ်ထဲလဲ ဝင်ပါရစေဦး"

"ဪ အင်း
မေ့သွားလို့ "

ဂျောင်းဂုကတော့ သူမလေးကို ကြည့်ပြီး အသည်းတေ အသေယား သူမလေးဆီမှ အကြည့်မခွာ

International playboy fall in loveWhere stories live. Discover now