အပိုင်း(၅)

377 39 0
                                    

Flash end...
ပြွတ်စ်

Pov..... ဟယ်ငါဘာလုပ်လိုက်မိတာလဲ အမလေး သူ့နားက ဝေးဝေးနေမှ ဟူး😓

ဂျင်းနီ သူလေး ပေါင်ပေါ်မှထပြီး ဝေးဝေးနေဖို့အလုပ် ရုတ်တရက် တင်းကျပ်စွာ ဖက်ခြင်းခံလိုက်ရတယ်

"ကလေးကလည်း တစ်နေ့‌ထဲပဲကွာ ဒီတိုင်းလေးပဲနေပေးပါ ကိုယ်နိုင်ထားတယ်လေ အဲ့လိုမနေရင် ခုနက ကိုယ့်ကို လာနမ်းတာ လူတွေ အားလုံးကြားအောင် အော်လိုက်တော့မယ်"

ဂျင်းနီမျက်နှာလေး က ဖျစ်ညှစ်ချင်စရာ ပါးလေးနှစ်ဖက်က နီရဲလာသည်
ဂျင်းနီကလည်း စွာတေးလန်လေးဆိုတော့က

"‌အကိုဂျောင်းဂု ခုနက အိပ်နေတာ မဟုတ်ဖူးလား
နောက်ပြီး ဂျင်းနီ မနမ်းမိပါဖူးနော် "

"မနမ်းရင် အခုကိုယ် နမ်းလိုက်ရမလား"

"အေးပါ ဒီတိုင်းအိပ်ပါ့မယ် မနမ်းပါနဲ့ ငကုကြီးရယ်"

သူမလေး သူ့ကို ခေါ်လိုက်တဲ့နာမည်အဆန်းကြောင့် သူ့မှာ အရမ်းတေ အသည်းယားနေပြီ သူမလေး ရန်တွေ့ရင် အရမ်းချစ်ဖို့ကောင်းသည် ဆိုတာ သူ့လက်တွေ့ပင်

"ဘာကို ငကုကြီးလဲ oppa လို့ခေါ် အကိုဂျောင်းဂုလဲမခေါ်နဲ့ တစိမ်းဆန်တယ် ကလေးရာ"

"မခေါ်ပါဖူး ခေါ်ရင် မုန့်ကျွေးမှာမို့လို့လား မခေါ်ချင်ပါဖူး အားအားယားယား ဟွန်း😒"

"မခေါ်ရင် နမ်း:

"တော်လိုက်တော့ ခေါ်မယ် ခေါ်မယ်"

"ဟုတ်ပါပြီ အိပ်ရအောင် သူများတေအိပ်ကုန်လို့ တစ်ရေး‌ တောင်နိုးတော့မယ် တော်သေးလို့ပေါ့ ကားသမား ဦးလေးကြီး သီချင်းဖွင့်ထားလို့ပေါ့ နို့မို့ဆို ကိုယ်တို့ စကားပြောနေတာကြောင့် သူများတေနိုးကုန်မှာ ခုတော့ အိပ်ကြရအောင် ငြိမ်ငြိမ်လေးနေ ဒီတိုင်း"

"ဟုတ်ကဲ့ပါရှင့် 😒"

တောက်ပလင်းထိန်နေသော နေရောင်အလှနှင့်အတူ ဂျောင်းဂုဆိုသူလေး နိုးထခဲ့ပြီ သူများတေ
ကတော့ အိပ်နေကြတုန်းပင် လိုက်ကာတောင် ပြန်မဖွင့်ကြသေး သူမလေးကတော့ သူ့ရဲ့ ဖြူဖွေးလှပသော နူးညံ့သော ရင်ဖက်ကြီးထဲတွင် ချစ်စရာ မြတ်နိုးချင်စရာ အရုပ်လေးပမာ သပ်ရပ်လှပစွာ မှေးစက်အနားယူနေလေရဲ့

International playboy fall in loveWhere stories live. Discover now