မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် နှလုံးသားကို အက်စစ်နဲ့ ပက်သလို တစ်စစ်စစ်နဲ့ နာကျင်နေတယ်
အရမ်းလဲ ဒေါသထွက်မိတယ် ကျမမှာ မာနတစ်ခုရှိတယ် ကိုယ်ပိုင်တဲ့အရာဆို လုံးဝမျှဝေချင်စိတ်မရှိတဲ့မာနပဲ....ငယ်ငယ်က အဖေက ကျမ အဆင့် ၁ ရလို့ဆိုပြီး အလှထိုင်ခုံလေး တစ်ခု ဆုအနေနဲ့ ဝယ်ပေးဖူးတယ်
ကျမ အရမ်းမြတ်နိုးတဲ့ ထိုင်ခုံလေးပေါ့ ကျမက အရာရာတိုင်းကိုတော့ မမြတ်နိုးပါဖူး ကျမမြတ်နိုးတဲ့အရာက ကျမချစ်တဲ့သူတေ ဒါမှမဟုတ် သူတို့ပေးတဲ့ လက်ဆောင်လေးတေပေါ့တစ်နေ့ အမေ့ညီမရဲ့ သားလေး ကျမရဲ့ မောင်တစ်ဝမ်းကွဲပေါ့ သူ့အမေနဲ့ တူတူ အိမ်လာလည်တာလေ ကျမကို အမေက မောင်လေးနဲ့ သွားဆော့ဆိုလို့ ဆော့နေတုန်း မောင်လေးက ကျမမသိပဲ ကျမကို ခွင့်မတောင်းပဲ ခုံပေါ်မှာ ထိုင်လိုက်တယ်လေ ကျမ သူ့ကို ခေါင်းကို အားနဲ့ ခေါက်ထည့်လိုက်တယ် ကျမဘာဖြစ်လို့ အဲ့လို ဖြစ်သွားမှန်းမသိဖူး ကျမကပဲ စိတ်ဓာတ်မကောင်းတာလား လုပ်ပြီးမှ ပြန်စဉ်းစားမိတယ်
နောက်သိလာတာကတော့ ကျမပိုင်ဆိုင်တဲ့ အရာတေကို မမျှဝေတတ်တဲ့ ကျမရဲ့Dark Side
ပေါ့ ကျမ အလယ်တန်းတုန်းက အချစ်ဦးလို့တော့မခေါ်ဖူး ကျမသူ့ကို မချစ်ဖူးလေ ဒါမဲ့ ပထမဆုံးရည်းစားပေါ့ သူကတော့ ကျမကို သိပ်ချစ်ရှာပါတယ် ကျမသူ့ကို မချစ်သေးပေမဲ့ ချစ်ဖို့ဆုံးဖြတ်ခဲ့တယ် ဒါမဲ့ တစ်နေ့ သူ့ရည်းစားဟောင်းနဲ့ သူနမ်းခဲ့တာကို သတင်းရသွားတယ် ကျမစိတ်ထဲမှာ ဖြစ်ပေါ်လာတာကတော့ ဒေါသနဲ့ မာန မီးပဲကျမနဲ့ ချစ်သူဖြစ်နေစဉ်အတွင်း ဘယ်ကောင်မလေးနဲ့မှ လက်ကိုင်စရာ နမ်းစရာမလိုဖူး
အဲ့တာကိုမှ တွဲနေတဲ့ အချိန်တွင်း သူများနဲ့ နမ်းတယ် လက်ကိုင်တယ် အီစီကလီ လုပ်တယ်ဆိုရင်တော့ အရမ်းကို ရွံသွားပြီ အဲ့လူကို ဘယ်လောက်ပဲ ချစ်ချစ် မချစ်ချစ် ကျမ လုံးဝ အသားတောင် မထိချင်တော့ဖူး ဒါကြောင့် ကျမနဲ့ ရှင်နဲ့ ဘာမှမဆိုင်တော့ဖူး ကျမကို ရည်းစားလိုလည်း လုံးဝမဆက်ဆံပါနဲ့ ကျန်တာ ရှင့်အပိုင်းပဲ ဆိုပြီး ဒေါသထွက်ထွက် နဲ့ ပုလင်းတေရိုက်ခွဲ ပါးရိုက်ပြီး ပြန်လာခဲ့တယ်နောက်နေ့တော့ သတင်းပြန့်ပြီလေ ကျမဆိုနဲ့ ဂျန်းနီက
ရုပ်ကလေးက သိပ်ချစ်ဖို့ကောင်းပြီး ဒီလောက်ဒေါသကြီးတယ် ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ သတင်းပေါ့ ဟိုးလေးတစ်ကျော်ကျော်ကို နာမည်ကြီးခဲ့တာပေါ့Flash back 🔙
ပြန်လှည့်မလို့လုပ်တုန်း
မြင်လိုက်ရတာ "ဂျောင်းဂု"
သူ ဝူနီဆိုတဲ့ ကျမရဲ့ ရန်သူနဲ့ မြင်စရာမကောင်းလောက်အောင် နမ်းနေကြတာပေါ့ သူ့ရဲ့ လက်တေကလည်း ဝူနီ့ ကိုယ်ပေါ်မှာ အရှက်မဲ့စွာ ဒီမြင်ကွင်းကတော့ ကျမ လုံးဝ မေ့နိုင်မှာ မဟုတ်တော့ဖူး ဆက်လဲ မကြည့်ချင်တော့လောက်အောင် ရင်တေသိပ်နာတယ်
ကျမ ပြေးထွက်ပြီး ကိုယ့်အခန်းထဲကို ပြန်လာတော့ နိုးနေတဲ့ ကျမ သူငယ်ချင်း ယူနာ"ဟဲ့ ဟဲ့ ဘာဖြစ်လာတာတုန်း မျက်နှာနဲ့ မျက်လုံးတေလဲ နီရဲလို့ ဘာလို့ ငိုနေတာလဲ ဟဲ့ ဟဲ့ မေးတာလည်း ဖြေဦးလေ အံပဲကြိတ်မနေနဲ့ "
ကျမ အရမ်းစိတ်မထိန်းနိုင်အောင် ဒေါသထွက်နေတာတော့ အမှန်ပဲ သူ့ကို အရမ်းချစ်တယ် ဆုံးလည်း မဆုံးရှုံးချင်ဖူး သူ့ကို မုန်းလဲမုန်းတယ် ကျမကိုက သူနဲ့မှ လွယ်ခဲ့တာပါ
သူချစ်တယ်ပြောတာနဲ့ သူတစ်ခုခုဖြစ်မှာ ကြောက်တာနဲ့ လက်ခံခဲ့မိတယ် သူကတကယ် ဆွဲဆောင်နိုင်ခဲ့တာပေါ့ သူ့ကိုလက်ခံမိတုန်းက ရည်းစားရှိလားလည်း မမေးခဲ့သလို သူ့အကြောင်းလဲ မသိခဲ့ဖူး ဒါကိုမှ သူ့ကို လိုက်လျောလိုက်အောင် ငါရူးသွားတာများလား တောက်စ် ငါသိပ်မုန်းတယ်"ဟဲ့ ငါမေးတာ ဖြေဦးလေ ဘာတေတွေးပြီး အံကြိတ်နေတာလဲ"
"ငါတို့ ပြန်ရအောင် ပြန်တဲ့လမ်းမှာ ပြောပြမယ် ငါအခု အရမ်းဒေါသထွက်နေတယ် ဒီမှာ ဆက်မနေနိုင်ဖူး "
"ဟဲ့ ဒီအချိန်ရီး ၅နာရီခွဲပဲ ရှိသေးတယ် "
"ဟယ်လို အမေလား သမီးကို ကားတစ်စီးနဲ့ လာကြိုခိုင်းပါ သမီးကျောင်းက အဆောင်မှာ "
"လာ ဆရာမစောကို ငါ့အမေနောက်မှ ကြည့်ပြောလိုက်မယ် နင်သိချင်တယ်မလား ငါပြောပြမယ် လမ်းမှာ "
သူမ ဒေါသထွက်ရင် ဘယ်လောက် ကြောက်ဖို့ကောင်းလဲ သူမအချစ်ဆုံးသူငယ်ချင်း ယူနာက သိပ်သိတာပေါ့
နောက်ပြီး သူမက ရွှေဇွန်းကိုက်မွေးတဲ့ သူတစ်ယောက်ဆိုတာ ယူနာတစ်ယောက်ပဲ သိပါတယ် ငယ်ငယ်လေးထဲက ခင်လာတဲ့ သူငယ်ချင်းတေဆိုတော့ ဝူနီအကြောင်းကို ကောင်းကောင်းသိတာကြောင့် သူမဒေါသထွက်နေချိန် ဘယ်အရာကိုမှ လွန်ဆန်ရဲခြင်းမရှိပါသခင်မလေး ကျနော် ရောက်ပါပြီ
ကားပေါ်တက်မည့် အခိုက် ရုတ်တရက် ဆွဲကိုင်လိုက်သော လက်တစ်စုံ......
YOU ARE READING
International playboy fall in love
Lãng mạnကလေးနဲ့ တွဲပြီး မှ ကိုယ်ကလေး ကလွဲ ပြီး တစ်ခြားတစ်ယောက်ကို ကြိုက်မရတော့ဘူး ကလေးကိုအရမ်းချစ်မိနေပြီ