ကျွန်မတို့သူငယ်ချင်းတွေကအရမ်းချစ်တာနော်သူဆိုရင်ကျွန်မထက်အရမ်းချောတာကောင်းလေးတွေကလည်းဝိုင်းဝိုင်းလည်နေတာပဲဒါပေမဲ့အဲ့ထဲမှာကျွန်မအစ်ကိုမပါဘူးနော်ကျွန်မအစ်ကိုကရုပ်လည်းချောတယ်စာလည်းအရမ်းတော်တာကောင်မလေးတွေကလည်းအစ်ကိုယ့်ကိုအ
မြဲမလွတ်တမ်းလိုက်ကြည့်တာမှလွန်ရောကျွန်မကိုယ်တောင်ယောင်းမတော်ချင်သူတွေမှအများကြီးကျွန်မကအစားအရမ်းပုတ်တာလေအဲဒါကြောင့်ကျွန်မအစ်ကိုယ်ကိုအယောင်ပြပြီးမုန့်တွေအများကြီးစားရတယ်လေဒါပေမဲ့ကျွန်မစဉ်းစားလို့မရဘူးကျွန်မတို့မိသားစုတွေထဲမှာအဖေလည်းချောတယ်အမေလည်းချောတယ်နောက်ပြီးအစ်ကိုလည်းချောတယ်ကျွန်မတစ်ယောက်ထဲကွက်ပြီးမချောတာတော့ဘယ်လိုဖြစ်ရတာလဲဆိုပြီးအမေ့ကိုအပြစ်တင်နေတာလေအစ်ကိုကကိုယ့်ညီမကိုအဖွားကြီးတဲ့အဖေကတော့ငါသမီးလေးကနတ်သမီးလေးထက်အရမ်းလှတာတဲ့ကျွန်မကတော့ဖေဖေချစ်သမီးလေးပေါ့ကိုကိုကတော့မေမေချစ်သားလေးပေါ့.. ဟင်း ..ဟုတ်မှာပါလေကျွန်မကနေလိုက်ရင်မျက်နှာကိုသနပ်ခါးလိမ်းလိုက်ရင်သရဲကျနေတာပဲမိတ်ကပ်မလိမ်းဘူးဆံပင်ကိုလုပ်လိုက်ရင်အဖွားကြီးကျနေတာပဲထိပ်မှာဆံထုံးနဲ့လေအဲ့ဒါကြောင့်ကျွန်မကိုအဖွားကြီးတဲ့ ကျွန်မမှာနံမည်ပြောင်ရှိတယ် ..ရုပ်ဆိုးမ.
တဲ့ ကဲကျွန်မတို့ဇာတ်လမ်းလေးစလိုက်ကြရအောင် အော်တစ်ခုမေ့ကျန်ခဲ့တယ်အစ်ကိုကအေးတယ် အစ်ကိုယ့်ဖုန်းနံပါတ်ကိုကျွန်မချစ်သူငယ်ချင်းလေးကယူခိုင်းနေတာ အော်ကိုယ့်ညီမဆီမှာကိုယ့်အစ်ကိုဖုန်းနံပါတ်ရှိတယ်လို့မထင်လိုက်နဲ့အုံး ကိုကိုကကိုယ့်ညီမအရင်းတောင်သူဖုန်းနံပါတ်ကိုမပေးဘူးအဖေနဲ့အမေတောင်မပေးဘူးဆိုတော့သူစိမ်းဆိုပိုဆိုးပြီပေါ့မဟုတ်ဘူးလား အဲ့တော့ကျွန်မကိုကိုဆီကဖုန်းနံပါတ်ကိုဘယ်လိုတောင်းရမလဲဆိုတာစဉ်းစားနေတာပေါ့

YOU ARE READING
A letter from a selfish boy(complete)
Romansaသူငယ်ချင်းနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ