Part 1

721 21 0
                                    


အတိတ်မှာဘယ်အရာတွေကမှားခဲ့လို့
အခုချိန်မှာနှလုံးသားကနာကျင်နေရပါသလဲ ဦး?

------------------------------

'ထြက္သြား'

အခန်းတံခါးဝမှာရပ်နေရုံရှိသေး အော်ထုတ်လိုက်တဲ့
ဦးကြောင့် ရှောင်းကျန့်တစ်ယောက်ကိုယ်လေးတုန်တက်
သွားပီးမျက်ရည်လေးတွေဝိုင်းလျက်သားဖစ်လို့..

'ဦး ကျန့်က'

'မင်းကိုငါအထွန့်တက်ခွင့်ပေးမထားဘူး ငါကထွက်သွားဆိုရင်ထွက်သွားလိုက်'

'ဟုတ် ဦး'

ညအိပ်ခါနီးတိုင်း ကျန့်ကျန့်ကြိုပေးတဲ့နွားနို့လေး
သောက်ပီးမှဦးကအိပ်ပျော်တာလို့ပြောခဲ့ဘူးတဲ့ ဦးရဲ့စကား
တစ်ခွန်းကြောင့် နေ့တိုင်းလာပို့ပေးနေပါသော်လည်း
နှင်ထုတ်ခံရခြင်းမှတစ်ပါး ဘာတုံပြန်မှုမရခဲ့ပေ။

ကျန့်ကိုသိပ်ချစ်တယ်လို့ပြောဘူးတဲ့ ဦးဟာ ဘာကြောင့်များဒီလိုစိမ်းကား သြားရတာလဲ..

အတိတ္ကာလေတြကသိပ္ကိုလွခဲ့တယ်ဆိုတာ
အိပ္မက္တစ္ခုလိုပဲ သည်းသည်းလှုပ်အချစ်ခံခဲ့ရတဲ့ဘဝကနေ
ခါးခါးသီးသီးစိမ်းသက်ခံနေရတဲ့ဘဝကို ရောက်ရလောက်အောင် ကျန့်ဘာတွေများမှားခဲ့လဲဦး?
ဒါမှမဟုတ် ဦးကပဲတကယ်မချစ်ခဲ့ခြင်းများလား....

တွေးလက်စကိုဖြတ်လို့ လက်ထဲကကိုင်ထားတဲ့
အေးစက်သွားဖစ်တဲ့နွားနို့ခွက်ကိုကြည့်မိတယ်
သူနဲ့ဦးနဲ့ဆက်ဆံရေးကရော တကယ်ပဲအေးစက်သွားပီလား
နွားနိ့ကမှပြန်နွှေးရင်နွေးပါဦးမယ် သူနဲ့ဦးရဲ့ ဆက်ဆံရေးကတော့ အပူဒီဂရီဘယ်လောက်မြင့်မြင့်နဲ့ပဲ
နွှေးနွေး ပြန်လည်လို့နွေးထွေးမလာခဲ့ဘူးလေ

ခပ်မဲ့မဲ့သာပြုံးလို့ အေးစက်စက်နွားနို့ကိုသာ
တစ်ကျိုက်ထဲမော့သောက်လိုက်တယ်
ဦးအတွက်ကျိုခဲ့ပီးသူသာသောက်ခဲ့ရတဲ့နေ့တွေက
လက်ချိုးရေလို့တောင်ရတော့မည်မထင်..။

စိတ်ညစ်စရာတွေကိုအိပ်ရာဝင်ခါနီးဆိုပိုတွေးဖစ်ကြတယ်တဲ့
တစ်နေကုန်ပင်ပန်းသမျှကိုအိပ်ရာထဲမှာငိုချလိုက်ရင်
နောက်တစ်နေ့အတွက်အင်အားရှိလာမှာပါ
ဒီလိုနဲ့ပဲ ဦးအကြောင်းကိုတွေးလို့ အိပ်ရာဝင်ဖို့ပြင်လိုက်တယ်
အတိတ်ကာလတစ်ခုမှာတော့ သူဟာရင်ခွက်ကျယ်ကြီးထဲ
ကို တိုးဝင်လို့နှစ်ခြိုက်စွာအိပ်ပျော်ခဲ့ဘူးတယ်

'အတြယ္တာႏြံ'/'အတွယ်တာနွံ'[On Going]Where stories live. Discover now