Part5

141 9 0
                                    

(Zawgyi)

မနက်စောစောထစရာမလိုတဲ့ မနက်ခင်းတွေက
ရှောင်းကျန့်အတွက်တော့နိဗ္ဗာန်ပင်..

အရင်ကအစောကြီးထခဲ့တာက ဦးရဲ့ဝေယျာဝစ္စလုပ်ရန်
အတွက်မို့ ငြီးငြူခြင်းမရှိခဲ့ပေမယ့် တခါတလေတော့လဲ
အိပ်ရေးဝဝအိပ်ပစ်လိုက်ချင်တာ သူ့ဆန္ဒ

မနက်စောစောထဲက ဦးကအခန်းထဲလာလို့
ပြောသွားသည် အလုပ်သမားတွေခေါ်ထားပီးပီမို့ နောက်ဆိုသူ့ဝေယျာဝစ္စတွေလုပ်ပေးစရာလုံးဝမလိုတော့ပါဘူးတဲ့

အိုခေ ရှောင်းကျန့်ကဒီအချိန်ကိုစောင့်နေတာကြာပီ
အရင်လိုနူးနူးညံ့ညံရှောင်းကျန့်မဟုတ်တော့ပါ
အဆိုးလေးရှောင်းကျန့်ပဲလုပ်တော့မည်

ဦးရဲ့အချစ်တွေကိုအပိုင်ရခဲ့တုန်းကလဲ ရှောင်းကျန့်က
အဆိုးလေးဖစ်ခဲ့သည်မဟုတ်ပါလား
ဦးရဲ့ဂရုစိုက်မှုကိုရဖို့ ဂျစ်တိုက်တော့မည့်ရှောင်းကျန့်ဆိုတာ
ဦးသိရင် ဒီလိုလုပ်ခိုင်းမှာမဟုတ်ဘူးလေ

အခုတော့ ဆန္ဒတွေပြည့်ဝလို့ စောင်ပုံထဲကလုံးဝမထွက်ဟု
သံဓိဋ္ဌာန်ချကာ နေမြင့်သည့်အထိအိပ်ရန်ပြင်သည်
့နေကောင်းနေပီဖြစ်ပေမယ့်ကျောင်းမသွားချင်ပါ
သူပျင်းသည်။

'ဒေါက် ဒေါက်'

'အိပ်နေတယ်'

'မနက်စာလာပို့တာပါ အကိုလေးရှောင်း
သူဋ္ဌေးဝမ်က သေချာပေါက်စားဖို့လဲမှာသွားပါတယ်'

အိပ်ရာပေါ်ကနေ မထချင်ထချင်နဲ့ထလာပီး
တံခါးဖွင့်ကာ မနက်စာလာပို့တဲ့ကောင်မလေးကိုပင်
ဘုကြည့်ကြည့်လိုက်သေးသည်။
သူများအိပ်နေတာကိုလာလာနှောင့်ယှက်တဲ့ဟာတွေ။

အိမ်အကူကောင်မလေးခမျာမှာတော့ မဆီမဆိုင်
လူသတ်ချင်နေတဲ့အကြည့်နဲအကြည့်ခံလိုက်ရတာကြောင့်
ကြက်သီးပင်ထသွားသည်

ကုတင်ပေါ်ကိုပြန်တက်ခါအိပ်ဖို့ပြင်နေတဲ့ရှောင်းကျန့်က
မနက်စာဗန်းထဲကစာရွက်အစိမ်းလေးကြောင့်
မျက်နှာပေါ်မှာအပြုံးခပ်ရေးရေးလေးဖြတ်ပြေးသွားတယ်။
'မနက်စာစား ဆေးလဲသောက် ပြန်လာလို့တစ်ခုခု
ပြန်ကြားရင် မလွယ်ဘူးမှတ်'

'အတွယ်တာနွံ'/'အတွယ်တာနွံ'[On Going]Where stories live. Discover now